ကောင်းချစ်အောင် ဇန်နဝါရီ ၁၀၊ ၂၀၂၄။ လက်နက်ကိုင်အဖွဲ့များသည် နယ်မြေလုလာသည့်အပြင် ဘာသာရေးကိုပါ စော်ကားလာသည့်အတွက် ပြန်လည်တွန်းလှန်သွားမည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး ယမန်နေ့ကရှင်းလင်းရာတွင် ထည့်သွင်းပြောကြားလာခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ယူနီဖောင်းဝင်ဆင်ထားသည့် ရဲဘော် ၁ ဦးက လောက်ကိုင်မြို့မြောက်ဘက် ပွိုင့်…