လက်နက်ကြီးကြောင့် မြစ်ကြီးနားဒေသခံများသေဆုံး
*********
ထွယ်
မေ ၁၈၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၌ ယနေ့နံနက် ၈ နာရီခန့်တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ရပ်ကွက်နေပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ရပ်ကွက်တွင်းကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကြောင့် ပမ္မတီးရပ်ကွက် စျေးအနီးတွင် နေထိုင်သည့် အမျိုး သား ၂ ဦးသေဆုံးကာ ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက သံလွင်ခက်ကို ပြောသည်။
ရပ်ကွက်နေ အမျိုးသမီး ၁ ဦးက “ကောင်လေး ၂ ယောက် အောက်ထက်မှာ အိမ်ငှားနေကြတာ။ ၁ ယောက်က ပွဲ ချင်းပြီးဆုံးတာ။ နောက် ၁ ယောက်က ဆုံးပြီလို့တော့ လာပြောတယ်။ အတည်တော့ မပြုရသေးဘူး” ဟု ပြော သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူကို စစ်ဆေးရုံသို့ ခေါ်ဆောင်သွား သည်ဟုလည်း ၎င်းကဆက်ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က မြစ်ကြီးနားမြို့ရှိ နမ့်ပေါင်လေတပ်စခန်းကို လက် နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုကြသော်လည်း သံလွင်ခက်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပေ။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ပမ္မတီးရပ်ကွက်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ် အနီးတွင်တည်ရှိပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဆိုသည်ကို မသိရှိသော် လည်း ပမ္မတီးရပ်ကွက်တွင် လက်နက်ကြီး ၄ လုံးနှင့် အထက်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။
၎င်းက “ပမ္မတီးမှာ လက်နက်ကြီးကျတာ သေတဲ့သူသေ ဆေးရုံပို့တဲ့သူပို့လုပ်နေတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့နံနက် ဗလမင်းထင်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာ ၁၀ နေရာခန့်ကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။