![]()
လားရှိုးမြို့အနီးတိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ခြောက်ဦးသေဆုံး ********* ယမင်းဖူးပွင့်အောင် ဇူလိုင် ၃၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တို့ကြားတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံခြောက်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့နံနက်အစောပိုင်းကလည်း လားရှိုးမြို့၊ ရပ်ကွက် (၁) သာယာလမ်းထဲရှိ နေအိမ်တစ်လုံးကို လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့ရာ…