သံလွင်ခက်
ဇူလိုင် ၁၁၊ ၂၀၂၄
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အင်ကြင်းမြိုင်တပ်စခန်းမှရရှိသော လေယာဉ်ပစ် စက်သေနတ်အကြီးများကို လေ့ကျင့်ပြင်ဆင်ပြီးပြီဟု မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ထို့အပြင် ရှမ်းမန်းစစ်ရေးကာလအတွင်း TNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ နောင်ချိုမြို့နယ်ရှိ ခမရ (၁၁၄) ၊ ခမရ (၁၁၅) နှင့် ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။
ယခုတွင် နောင်ချိုမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များမှ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီလုံးဝကင်းစင်သော မြို့နယ်တစ်ခုဖြစ်သည်ဟု ဖော်ပြထားသည်။
မန်းပြည်သူ့ကွယ်ရေးတပ်အနေဖြင့် နောင်ချိုမြို့သိမ်းတိုက်ပွဲအပြင် ပြီးခဲ့သည့်လကုန်ပိုင်းမှစတင်၍ နှစ်ပတ်အတွင်း မတ္တရာ၊ စဥ့်ကူးမြို့နယ်ထဲမှ စစ်ကောင်စီတပ်စခန်း ၄၄ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)