သံလွင်ခက်။
ဇူလိုင် ၁၂၊ ၂၀၂၄။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က မြောက်တံငါ တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY – PDF က ယနေ့တွင်ထုတ်ပြန်သည်။
ထို့အပြင် မတ္တရာမြို့နယ် Alpha ဘိလပ်မြေစက်ရုံ ကာကင်းစခန်းကုန်းများအား နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် လက်နက်ငယ်(၁၂)လက်ခန့်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး စခန်းသာ တပ်စခန်း ၊ ကျောက်မဏ္ဍပ် တပ်စခန်း ၊ စပါးကျည်တောင် တပ်စခန်း ၊ ကျောက်ကြမ်းတောင် တပ်စခန်း ၊ ငွေပုထိုး တပ်စခန်း ၊ ရှင်မတောင် တပ်စခန်း ၊ နဂါးပတ် တပ်စခန်း ၊ နွားခြံကုန်း တပ်စခန်း ၊ ဝန်တင်ကုန်း တပ်စခန်း ၊ လက်သန်းတောင် တပ်စခန်း ၊ ခြေတော်ရာ တပ်စခန်း ၊ ကိုရင်လေးတောင် တပ်စခန်း ၊ ကင်းရွာ တပ်စခန်း ၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း ၊ ရေနံ့သာ တိုးဂိတ် ၊ ရေနံ့သာ ရဲစခန်း နှင့် ပတ်လည်အင်း တပ်စခန်းတို့အပါအဝင်စစ် ကောင်စီ တပ်စခန်း စုစုပေါင်း (၂၅)ခုတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်ဟု MDY – PDF က ဇူလိုင် ၆ ရက်တွင်ထုတ်ပြန်ထားသည်။