သံလွင်ခက်။ စက်တင်ဘာ ၂၃ ၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က တပ်စခန်းများ လက်မလွှတ်ရရေး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ခုခံလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ အမြောက်တပ် (၂၀၆)တပ်စခန်း၊ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်း စသည့်နေရာများ၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တိုအကြား…