အမီးလေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခန္တီးမြို့တို့တွင် စစ်ကောင်စီတပ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခရီးသွားပြည်သူများအား ဖမ်းဆီးကာ တပ်သားစုဆောင်းနေသည်ဟု ခန္တီးဒေသခံများထံမှ သိရသည်။ ခန္တီးမြို့ – လဟယ်မြို့ကြား ကားလမ်း၊ ခန္တီး- ဟုမ္မလင်းကြားနှင့် ခန္တီး- နန်စီပွန်ကျေးရွာတို့ကြားတွင် သွားလာနေသည့် ဒေသခံ ခရီးသည်များအား ဖမ်းဆီးကာ အတင်းအဓမ္မ သွေးစစ်ပြီး ဆေးအောင်ပါက…