ဧပြီ ၁ ရက်၊ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုကားလမ်းမကြေီးပေါ်ရှိ ကွတ်ခိုင်မြို့လယ်တွင် တအာင်းပြည် ရဲတပ်ဖွဲဝင်များနှင့် ကိုးကန့်တပ်ဖွဲ့များအကြား အချိန်အနည်းငယ်ကြာ ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ပွားသည့် ရုပ်သံများ လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့သည်။
ငလျင်ကယ်ဆယ်ရေးအတွက် မဟာမိတ်ကိုးကန့်တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ပြည်ထောင်စုကားလမ်းမအား ပိတ်ဆို့ပြီး ဖြတ်သန်းသွားလာသည့် ကားများရပ်စေပြီး အလှူငွေကောက်ခံခဲ့နေချိန်တွင် PSLF/TNLA လူကြီးခရီးစဉ်ရောက်ကာနီးနေသဖြင့် ခေတ္တလမ်းဖွင့်ပေးပါရန် တအာင်းပြည် ရဲတပ်ဖွဲ့ ယာဉ်ထိန်းဌာန တာဝန်ရှိသူတစ်ဦးမှ သွားရောက်ညှိနှိုင်းပြောဆိုရာ ဘာသာစကား အခက်အခဲရှိသဖြင့် နှစ်ဖက်တပ်ဖွဲ့များအကြား အချိန်အနည်းငယ် အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည်ဟု PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ဖြစ်ပွားပြီးနောက် နှစ်ဖက်တာဝန်ရှိသူများမှ ညှိနှိုင်းဖြေရှင်းရာ ပြေလည်မှုရရှိပြီးဖြစ်သည့်အပြင် တအာင်းဒေသမြို့နယ်တိုင်းတွင် ပြည်သူလူထုများ တတ်အားသမျှ ငလျင်ဘေးသင့်လူထုအား ကူညီဖေးမနိုင်ရန် တတ်ကြွစွာ ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။