ငလျင်ဒဏ်ခံနေရသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီ ၄ ရက်မှ ၈ ရက်အထိ မိုးထစ်ချူန်းရွာသွန်းနိုင်သည်ဟု မိုးဇလ ပညာရှင် ဦးဝင်းနိုင်မှ ခန့်မှန်းထားသည်။
အဆိုပါ လေးရက်အတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ချင်းပြည်နယ်တို့တွင်လည်း မိုးထစ်ချုန်းရွာနိုင်သည်ဟု သုံးသပ်ထားသည်။
ဧပြီ ၉ ရက် အထိ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေပြီး မုန်တိုင်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းအထိရှိသည်ဟုလည်း ခန့်မှန်းထားသည်။
ယင်းသို့ မုန်တိုင်းများဖြစ်ပေါ်ပြီး မိုးရွာသွန်းမည်ကို ငလျင်ဒဏ်ခံစားနေရသည့် ဒေသခံများက စိုးရိမ်လျက်ရှိသည်။
ထို့အပြင် မုန်တိုင်းများ ဖြစ်ပေါ်လာပါက ငလျင်ဒဏ်သင့် မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ရှာဖွေကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ ခက်ခဲသွားနိုင်ပြီး အိုးအိမ်ပျက်စီးသွားခြင်းကြောင့် လမ်းမပေါ်နှင့် ကွင်းပြင်များတွင် အမိုးအကာမဲ့စွာ အိပ်စက်နေရသူများလည်း ခက်ခဲသွားနိုင်သည်ဟု စစ်ကိုင်းမြို့ ဒေသခံတစ်ဦးမှ ပြောသည်။