Saw Smith ဧပြီ ၁၂ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးကိုပြည်သူပိုင်အဖြစ်သိမ်းဆည်းလိုက်သည်ဟု ယနေ့တွင်CDF-Hakha Councilကသတင်းထုတ်ပြန်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ အာဏာရူးရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဟားခါးမြို့နယ်အတွင်းရှိပါတီ၏ ရုံးနှင့်အခြားသောပိုင်ဆိုင်မှုအားလုံးကို ယနေ့မှစ၍ ပြည်သူပိုင်အဖြစ်သိမ်းလိုက်သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ ရုံးနှင့်ပိုင်ဆိုင်မှုများကိုပြည်သူပိုင်အဖြစ်…