ယမင်းဖူးပွင့်အောင်
ဧပြီ ၇ ၊ ၂၀၂၃။
စစ်ကောင်စီက ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ရခိုင်ပြည်နယ်တွင် “စစ်ကျွန်သက်တမ်း မရှည်စေဖို့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြစို့” ဟူသည့် Campaign ခေါင်းစဉ်ဖြင့်လက်ကမ်းစာစောင်များ ထပ်မံဖြန့်ဝေခဲ့သည်ဟု ဦးဆောင်သူများကပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ နေရာ ဆယ်ခုနှင့် မင်းပြားမြို့နယ်တွင် ယမန်နေ့က ဒုတိယအကြိမ်ထပ်မံဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“နိုင်ငံရေးပါတီထဲက လူထုနဲ့ အဆင်ပြေတဲ့ ရခိုင်ခေါင်းဆောင်တချို့ကိုလည်း မက်လောက်စရာ ရာထူးတွေနဲ့ဗန်းပြပြီးစည်းရုံးတယ်။ ဒီလိုမျိုး နိုင်ငံရေးအရကောက်ကျစ်မှုတွေကို ပြည်သူလူထု သိအောင် လုပ်ရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ကမ်းစာစောင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်ခွာခြင်း၊ ပြန်သိမ်းခြင်းမျိုးရှိပြီး လမ်းသွားလမ်းလာများကို စောင့်ကြည့်စစ်ဆေးမှုများရှိနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင်လည်း ဧပြီလ နှစ်ရက်နေ့ကလည်း စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လက်ကမ်းစာစောင်များကို ကျောင်းသားများက ပထမအကြိမ် ဦးဆောင်ဖြန့်ဝေခဲ့သည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3436
Website ->https://eng.thanlwinkhet.net