ကောင်းချစ်အောင် မေ ၂၉ ၊ ၂၀၂၃ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး စစ်ကောင်စီတပ်ထံ ထွက်ပြေးသွားခဲ့ပြီးနောက် Eagle Brigade အဖွဲ့၏ လက်နက်၊ခဲယမ်းနှင့်စစ်အသုံးအဆောင်ပစ္စည်းများ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံလိုက်ရသည်ဟု အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးပုံမှန်ပြုလုပ်နေသည့် ပခုက္ကူ-မြိုင်ကားလမ်းပေါ်ရှိ အင်ပင်စစ်ဆေးရေးဂိတ်တွင် မေလ၂၇ရက်၊ညနေ၌ လက်နက်များ…