သံလွင်ခက်။ ဇွန် ၂ ၊ ၂၀၂၃။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး အခက်ခဲဖြစ်ပေါ်နေသည်ဟု စစ်ရှောင်အရေးကူညီနေသူများထံက သိရသည်။ လက်ရှိအချိန်တွင် ဆန်ပြတ်လပ်နေသည်ဟု ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် အရှေ့ဘက်ခြမ်းမှ ဆီဆိုင်မြို့နယ်သို့တစ်နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေသည့် အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။ ၎င်းက ” အဆင်မပြေဘူး၊ ဆန်လည်းမရှိတော့ဘူး…