ရခိုင်ပြည်နယ်ကစစ်ဘေးရှောင်များအတွက် အမိုးအကာများအရေးပေါ်လိုအပ် ******** ခင်သရဖီဦး မေ ၂၅၊ ၂၀၂၄။ ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ဘေးရှောင်အရေအတွက်ကလည်း နေ့စဥ်ဆိုသလိုထပ်တိုးလာနေသည်ဟု သိရသည်။ ယင်းကဲ့သို့ စစ်ဘေးရှောင်အရေအတွက် နေ့စဥ်နှင့်အမျှတိုးလာနေသည့်အတွက် မိုးတွင်းကာလဖြတ်သန်းရန် အမိုးအကာများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကဆိုသည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင် စစ်ရှောင်နေသော အမျိုးသမီး ၁ ဦးက…