သံတွဲမြို့အနီး တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ကုန်ဈေးနှုန်းများမြင့်တက်နေ ****** စကားမောင် မေ ၁၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီး တိုက်ပွဲများ ဆက်လက်ပြင်းထန် နေသည့်အတွက် မြို့ပေါ်ဒေသခံများ စစ်ဘေးရှောင်ရမည့်အရေးစိုးရိမ်မှုမြင့်တက်နေပြီး စားဝတ်နေရေးကလည်း ကြပ်တည်းနေကြသည်ဟု သံတွဲမြို့ရှိ သတင်းရင်းမြစ်များထံက သိရသည်။ ပြီးခဲ့သောဧပြီလဆန်းပိုင်းကစ၍ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီး ရွှေလှေတိုက်နယ်၊ ဒေါ်မြ၊ ပုရစ်နှင့်…