Saw Smith ဧပြီ ၁၄ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် သေဆုံးသူအရေအတွက်မှာ ၁၇၁ ဦးထိရှိလာပြီဖြစ်သည်ဟု သေဆုံးစာရင်းများကို လိုက်လံပြုစုနေသည့် ပဇီကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ၁၁ ရက်တွင် လူရာချီ၍ အစုလိုက်ရှိနေသည့် ပဇီကြီးရွာ ကျွေးမွေးဧည့်ခံပွဲတစ်ခုကိုစစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုက်လေယာဥ်များဖြင့်ဗုံးကြဲ၊ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမြောက်အများ သေဆုံးခဲ့သည်။…