သောင်ရင်းမြစ်ဘေး၌ စစ်လက်နက်ပစ္စည်းများ ထပ်မံဖမ်းဆီးရမိ
*******
ထွယ်
ဧပြီ ၃၊ ၂၀၂၄။
ထိုင်း – မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတွင် စစ်လက်နက်ပစ္စည်းများဖမ်းဆီးရမိခဲ့သည်ဟု ဒေသ သတင်းရင်းမြစ်ထံက သိရသည်။
တာခ့်ခရိုင်၊ မယ်ဆောက်မြို့တွင် မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် မယ်ဆောက်ရဲများအပါအဝင် စစ်တပ်ပူးပေါင်းအဖွဲ့များက ထိုင်း – မြန်မာနယ်စပ်အနီး ကင်းလှည့်စစ်ဆေးစဥ် သောင်ရင်းမြစ်ကမ်းဘေးနယ်စပ်အနီး စွန့်ပစ်ထားသော မသင်္ကာဖွယ်ရာအိတ် ၁ လုံးကိုရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါအိတ်ကိုစစ်ဆေးကြည့်ရာတွင် လက်ပစ်ဗုံးနှင့် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိခဲ့သည်ဟု ထိုင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ဖော်ပြချက်အရ သိရ သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မယ်ဆောက်မြို့နယ် မယ်ပ တွင် မြန်မာနိုင်ငံကိုပို့ဆောင်မည့် ဒရုန်းဖျက်လက်နက် သိမ်းဆည်းရမိခဲ့ပြီး လူငယ်မြန်မာအမျိုးသားနှင့် အမျိုး သမီးတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
Ref: เอก เกียรติศักดิ์ แม่สอด
************
Telegram– > https://t.me/newstlk/4159
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8923