ဓမ္မသစစ်ရှောင်ပြည်သူများအတွက် မွန်နွယ်ဖွားထိုင်းလက်ရွေးစင်ဘောလုံးသမားက ဂျာစီရောင်းကာ ကူညီမည်
******
သဇင်
ဧပြီ ၂၊ ၂၀၂၄။
ထိုင်းနိုင်ငံ ဆန်ခရဘူရီတွင် မွန်လူမျိုးမိဘနှစ်ပါးက မွေးဖွားခဲ့သည့် ထိုင်းလက်ရွေးစင်ဘောလုံးသမား Pongsakon သည် အာရှဖလားပြိုင်ပွဲတွင် ဝတ်ဆင်ခဲ့သည့် သူ၏ဂျာစီကို လေလံတင်ရောင်းချခဲ့သည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်ပိုစ့်သတင်းက ယနေ့တွင် ဖော်ပြထာသည်။
ယမန်နှစ်က ကျင်းပခဲ့သည့် AFC U-17 အာရှဖလားပြိုင်တွင် ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၁၅ ဂျာစီအကျီကို အွန်လိုင်း၌ လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
Pongsakon လေလံတင်ရောင်းချခဲ့သောဂျာစီကို Pansukခေါ် မွန်အမျိုးသမီး ၁ ဦးက ထိုင်းဘတ်ငွေ ၃၆,၅၀၀ ဖြင့် စျေးအမြင့်ဆုံးပေးကာ ဝယ်ယူခဲ့သည်ဟု ဘန်ကောက်ပိုစ့်က ဖော်ပြထားသည်။
လေလံတင်ရောင်းချရာက ရရှိသည့်ငွေများကို မွန်ပြည် နယ် ကျိုက်မရောမြို့နယ်ရှိ မဓမ္မသကျေးရွာက စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးသွားမည်ဟု Pongsakon က ပြောဆိုခဲ့ပြီး လေလံပွဲတွင် ပါဝင်ပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်သည်ဟုဆိုသည်။
Pongsakonသည် ထိုင်းလိဂ် – ၁ ကလပ် ရတ်ချာဘူရီအသင်းတွင် ပါဝင်ကစားနေသူဖြစ်ပြီး ထိုင်းနိုင်ငံလက် ရွေးစင် U – 23အသင်း၌လည်း ရွေးချယ်ခံထားရသူဖြစ်သည်။
ဓာတ်ပုံ – Bangkok Post
ပုံ – မွန်နွယ်ဖွား ထိုင်းလက်ရွေးစင်ဘောလုံးသမား။