• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»မိုခါမုန်တိုင်းကြား ပိတ်လှောင်ခံ ရိုဟင်ဂျာ(မွတ်ဆလင်)လူ့အဖွဲ့အစည်း
သတင်းဆောင်းပါး

မိုခါမုန်တိုင်းကြား ပိတ်လှောင်ခံ ရိုဟင်ဂျာ(မွတ်ဆလင်)လူ့အဖွဲ့အစည်း

thanlwinkhetBy thanlwinkhetSeptember 11, 2023No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘမောင်
စက်တင်ဘာ ၁၁ ၊ ၂၀၂၃။

 မိုခါမုန်တိုင်းကြောင့် ကျိုးကျသွားသည့် တံတားပေါ်မှ လူများဖြတ်ကူးနေစဥ်။ (ဓာတ်ပုံ - AFP)
မိုခါမုန်တိုင်းကြောင့် ကျိုးကျသွားသည့် တံတားပေါ်မှ လူများဖြတ်ကူးနေစဥ်။ (ဓာတ်ပုံ – AFP)

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်က အင်အားပြင်းမိုခါမုန်တိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားကိုဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ ပင်လယ်ကမ်းစပ်ဒေသတွေနဲ့ ကုန်းတွင်းပိုင်းဒေသတချို့ဆီ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင် ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ဒေသအအများစုမှာလူနေအိမ်အဆောက်အဦ၊ သစ်ပင်ဥယျာဉ်ခြံမြေ အများအပြား ပျက်စီးဆုံးရှုံးသွားခဲ့ရသလိုကျေးရွာတွေရွာလုံးကျွတ်ပျောက်ကွယ်သွားပြီး လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ကြားသိရပါတယ်။

စစ်အစိုးရပိုင်သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ လူအသေအပျောက်စာရင်းက လက်တွေ့ပကတိအခြေအနေထက် စာရင် အများကြီးလျော့ပေါ့စာရင်းပြထားတာကိုတွေ့ရပါတယ်။မြေပြင်မှာဖြစ်ပွားနေတဲ့ ဆုံးရှုံးပျက်စီးမှုတွေကို သတင်းအမှောင်ချပြီး အမှန်ကိုဖော်ထုတ်ဖို့ကြိုးစားခဲ့တဲ့သတင်းသမားတွေကိုလည်း ရခိုင်ပြည်ထဲ လွတ်လပ်စွာ သွားလာသတင်းယူဖို့ပိတ်ပင်ကန့်သတ်ထားတာကိုလည်းတွေ့ရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်တွေ၊ ပြည်သူလူထုအနေနဲ့ကြိုတင်ကာကွယ်ရေးစီမံချက် တွေကိုလည်း စစ်ကောင်စီဘက်ကထိထိရောက်ရောက်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အခုလို ကြိုတင်ကာကွယ် ဖို့၊ကြိုတင်သတိပေးနိုးဆော်ဖို့ပျက်ကွက်ခဲ့တဲ့အတွက် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ကြတာလို့ကောက်ချက် ချလို့ရပါတယ်။ ရခိုင်ပြည်မှာ စစ်ကောင်စီရဲ့ မျက်နှာလွှဲခဲပစ်ပေါ်လစီကြောင့်လူအသေအပျောက်ရှိခဲ့ပေမယ့် တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ရက္ခိုင့်တပ်တော် (AA) က ပြည်သူလူထုအကျိုး စီးပွားအတွက် မုန်တိုင်းမလာခင်ကတည်းကကြိုတင်ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးခဲ့လို့သာ သေကြေ ပျက်စီးမှုပမာဏကိုအတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။တော်လှန်ရေးအင်အားစုတွေဘက်က တတ်နိုင်သလောက်ကူညီပေးပေမယ့် စစ်အုပ်စုနဲ့အပေါင်းအပါလူမျိုးရေး အစွန်းရောက်ဝါဒီတွေရဲ့ ခေတ်အဆက်ဆက်ဖိနှိပ်မှုကြောင့်ထိရောက်တဲ့အကူအညီတွေမရရှိနေတဲ့ လူ့အဖွဲ့ အစည်းတစ်ခုလည်း ရှိနေပါတယ်။မိုခါလေမုန်တိုင်းဒဏ်ကို အဓိကခံစားခဲ့ရပြီး လူပေါင်းရာချီသေကြေ ပျက်စီးခဲ့ ရတဲ့ လူ့အဖွဲ့အစည်းကရိုဟင်ဂျာ(မွတ်ဆလင်) လူ့အဖွဲ့အစည်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်း ကရိုဟင်ဂျာ(မွတ်ဆလင်) တွေက စစ်အုပ်စုရဲ့ ဘက်ပေါင်းစုံပိတ်ဆို့မှုဒဏ်ကို ခံစားခဲ့ရပါတယ်။ရိုဟင်ဂျာလူ့အဖွဲ့အစည်းလို့ပြောလိုက်ရင် စစ်တွေမြို့နဲ့ အနီးတဝိုက်မှာ နေထိုင်နေကြတဲ့ရိုဟင်ဂျာ(မွတ်ဆလင်) ရွာတွေလည်းပါဝင်သလို လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ပွားပြီးနောက်ပိုင်းသီးခြားခွဲထုတ်ခံထားရတဲ့ ရိုဟင်ဂျာ (မွတ်ဆလင်) ဒုက္ခသည်စခန်းတွေလည်း ပါဝင်ပါတယ်။တချို့ရိုဟင်ဂျာ(မွတ်ဆလင်) ရွာတွေဆိုရင် ရွာလုံးကျွတ် ပျက်စီးပြီးအမှိုက်ပုံကြီးတွေဖြစ်သွားခဲ့တာတွေရှိသလို ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ (မွတ်ဆလင်) တွေဆိုရင်လည်း အသွားအလာကန့်သတ်ခံထားရတာကြောင့် ပြင်းထန်တဲ့မုန်တိုင်းကိုလည်စင်းပေးခဲ့ကြရတာမျိုးတွေ ရှိခဲ့ပါတယ်။

အပျက်အစီးများကြားက သားအမိ။ (ဓာတ်ပုံ - AFP)
အပျက်အစီးများကြားက သားအမိ။ (ဓာတ်ပုံ – AFP)

မိုခါမုန်တိုင်းဒဏ်ကြောင့် ရိုဟင်ဂျာ(မွတ်ဆလင်) တွေ အစုလိုက်အပြုံလိုက်သေကြေပျက်စီးခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ခိုင်လုံတဲ့အကြောင်းအရင်းများစွာကို တွေ့ရှိခဲ့ ရပါတယ်။ အဲဒီအကြောင်းရင်းတွေကတော့-

(၁) လုံလောက်တဲ့ ကြိုတင်သတိပေးမှုမရရှိခဲ့ခြင်း

ရခိုင်ဒေသခံ ရိုဟင်ဂျာ(မွတ်ဆလင်) တစ်ဦးဖြစ်တဲ့ ကိုမင်းလွင်(အမည်လွှဲ)က ခုလိုပြောပါတယ်။”အထူးသဖြင့်ကမ်းစပ်နဲ့နီးတဲ့ အရပ်ဒေသတွေလောက်ပဲ သတိပေးတာရှိပြီး ရွာတိုင်း၊ Campတိုင်းကိုတော့ သတိ ပေးတာမျိုး မရှိဘူး”လို့ ကိုမင်းလွင်က မှတ်ချက်ပေးခဲ့ပါတယ်။

အရင်ကဖြစ်ခဲ့တဲ့မုန်တိုင်းတွေထက် အခုဝင်ရောက်လာတဲ့ မိုခါမုန်တိုင်းက အဆပေါင်းများစွာ အင်အားပြင်းထန်ခဲ့ပါတယ်။ အင်အားပြင်းသလောက်လည်း ထိခိုက်ပျက်စီးမှုက အများကြီးပိုနိုင်ပါတယ်။ဒါပေမယ့် မုန်တိုင်းဘယ်လောက်ထိ ပြင်းထန်နိုင်မလဲဆိုတဲ့ မက်ဆေချ့်ပေးမှုအပိုင်းမှာစစ်ကောင်စီဘက်က အရမ်းပဲ အား နည်းခဲ့ပါတယ်။ ဒါကြောင့် ကိုမင်းလွင်က”မုန်တိုင်းရဲ့ပြင်းထန်မှုအတိုင်းအတာကို သူတို့သိခဲ့မယ်ဆိုရင်၊ ဒီလိုသေနိုင်ခြေတွေရှိမယ်ဆိုတာသူတို့ကြိုသိခဲ့ မယ်ဆိုရင် အတော်များများကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်မယ်၊ အခုလောက်ကြီးအသေအပျောက် မများလောက် ဘူး ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

(၂) ဘေးလွတ်ရာ ရှောင်တိမ်းနိုင်မယ့် နေရာအခက်အခဲရှိနေခြင်းရိုဟင်ဂျာ(မွတ်ဆလင်)

လူထုဟာ နှစ်ပေါင်းများစွာ ဘေးဖယ်ထုတ်ခံထားရပြီး လူမှုအသိုင်းအဝိုင်းနဲ့ဝေးကွာနေတာ ဖြစ်တဲ့အတွက် မုန်တိုင်းသတိပေးချက်တွေက သူတို့အပေါ်သက်ရောက်မှုအားနည်းခဲ့ပါတယ်။ အဲဒီလို သက် ရောက်မှုအားနည်းတဲ့အပြင် ဘေးလွတ်ရာတိမ်းရှောင်နိုင်ဖို့မှာလည်းအကန့်အသတ်ကြီးကြီးမားမား ရှိနေပြန် ပါတယ်။ကိုမင်းလွင်ရဲ့ပြောကြားချက်အရ”မုန်တိုင်းအန္တရာယ်ကို ကြိုသိလို့ ရှောင်ဖို့လုပ်တဲ့အခါ ရိုဟင်ဂျာ Cam pတွေထဲက Cyclone shetterတွေဆီ သွားကြတယ်ပေါ့ဗျာ။ ဒီလို Shetter မှာ ရှောင်ပုန်းဖို့သွားတော့ အဲဒီနေရာမှာ ရခိုင်အနည်းစုရယ်၊စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင်တွေက နေရာယူထားပြီးဖြစ်နေတယ်။ ရဲတွေ စစ်သားတွေဆီမှာ သေနတ်တွေဘာတွေနဲ့ဆိုတော့ သူတို့ ကြောက်လို့ သွားမနေရဲတော့ဘူး။ ကိုယ့်အိမ်မှာ ကိုယ်ပြန်နေရတယ်။အဲ့ဒါကြောင့် အခုလိုရာနဲ့ချီ သေဆုံးကုန်တာလို့ ယူဆပါတယ်”စစ်တပ်နဲ့ရဲတွေဟာ မုန်တိုင်း Camp တွေထဲက Cyclone Shetter တွေထိဝင်ပြီး နေရာယူထားတဲ့အထိသူတို့အပေါ်ကျရောက်လာမယ့် အန္တရာယ်ကိုပဲကာကွယ်ပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ်ကိုတော့စိုးစဉ်းမျှ ထည့်သွင်းမစဉ်းစားခဲ့တာကို တွေ့ရပါတယ်။

(၃) မုန်တိုင်းဗဟိုချက်မနှင့် တည့်တည့်ရင်ဆိုင်ခဲ့ရခြင်း

မိုခါမုန်တိုင်း တိုက်ခိုက်တဲ့လမ်းကြောင်းက စစ်တွေမြို့ရဲ့အပြင်ဘက်က ရိုဟင်ဂျာဒုက္ခသည်စခန်းအများစုရှိတဲ့ နေရာကို တည့်တည့်ဝင်ရောက်ခဲ့ပါတယ်။ ဒီနေရာတွေဟာ ပင်လယ်ကမ်းစပ်နဲ့လည်းနီးနေတဲ့နေရာတွေ ဖြစ်တဲ့အတွက် လေပြင်းရော လှိုင်းကြီးတွေရဲ့ ပုတ်ခတ်ဖျက်ဆီးမှုကိုအကြီးအကျယ်ခံလိုက်ရတာဖြစ်ပါတယ်။

ဗေဒါရွာမှာဆိုရင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အဲဒီအထဲက အိမ်ခြေ ၇၀ ကျော်ကလုံးဝပျက်စီးသွားခဲ့ပါတယ်။ ပြိုပျက် သွားတဲ့အိမ်တွေဟာ အမှိုက်ပုံကြီးတွေလိုနေရာတိုင်းမှာပြန့်ကျဲနေပြီး သေဆုံးသူတွေရဲ့အလောင်းတွေကို ဆွဲထုတ် ယူခဲ့ရတယ်လို့သွားရောက်ကူညီသူတွေကပြန်ပြောပြပါတယ်။ ရွာရဲ့သင်္ချိုင်းကုန်းမှာ တန်းစီပြီးမြုပ်နှံထားတဲ့အလောင်းအရေအတွက် ရာနဲ့ချီပြီးရှိတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။ ဒါးပိုင်ရွာနဲ့စီတာဒဲလ်ရွာတို့ဟာလည်း တစ်ရွာလုံးနီးပါး လှိုင်းပုတ်ခံလိုက်ရပြီး အခုဆိုရင်ရွာတည်ရှိခဲ့တဲ့နေရာတွေဟာ သဲသောင်ပြင်အတိဖြစ်နေပါပြီ။

(၄) ကူညီကယ်ဆယ်ရေးအဖွဲ့များကို စစ်ကောင်စီကပိတ်ပင်တားမြစ်ခြင်း

မုန်တိုင်းတိုက်ခတ်စဉ်ကာလအတွင်း အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ရခိုင်ပြည်တစ်ပြည်လုံး နေရာအနှံ့အပြားသွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ခွင့်မရှိအောင်စစ်ကောင်စီကပိတ်ပင်တားမြစ်တာတွေ ရှိခဲ့ပါတယ်။ပြည်သူတွေလိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေကို တစ်မြို့ကတစ်မြို့၊မြို့ပြကနေကျေးရွာကို ရောက် အောင်ပို့ဆောင်ပေးဖို့ စီစဉ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို စစ်တပ်က လမ်းပိတ်ဆို့တာ၊ တားမြစ်တာ၊သွားလာခွင့်မပြုတာ၊ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီထိန်းချုပ်တဲ့မြို့တွေကနေ ကျေးလက်ဒေသကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေမဖြန့်ဖြူးနိုင်ခဲ့တာက ရိုဟင်ဂျာ(မွတ်ဆလင်) ဒုက္ခသည်တွေအပါအဝင် ရခိုင်တစ်ပြည်လုံးကပြည်သူလူထုကို ကူရာကယ်ရာမဲ့အောင် လုပ်ဆောင်လိုက်တာပါပဲ။

အထက်ဖော်ပြပါ အကြောင်းအရင်း ၄ ချက်ကြောင့် ရိုဟင်ဂျာ(မွတ်ဆလင်) လူ့အဖွဲ့အစည်းမှာအစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ နောက်ဆက်တွဲ ပြဿနာပေါင်းစုံလည်းထပ်မံဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ လူတစ်ရာကျော်သေဆုံးခဲ့တဲ့ ဗေဒါရွာမှာသားသမီးနဲ့ဇနီးအပါအဝင် တစ်အိမ်သားလုံး သေဆုံးသွားခဲ့ရတဲ့အတွက် စိတ်ဖောက်ပြန်ရူးသွပ်သွားတဲ့ဖခင်တစ်ဦးကို ရွာသူရွာသားတွေက သစ်ပင်မှာ သံကြိုးနဲ့ချည်ပြီး သော့ခတ်ထားရ တယ် လို့မျက်မြင်သက်သေတစ်ဦးက ပြန်လည်ပြောပြခဲ့ပါတယ်။

ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအား ရက္ခိုင့်တပ်တော် AA ၏တပ်သားများကကြိုတင်ကယ်ဆယ်‌ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေစဥ်။ (ဓာတ်ပုံ - AA Info)
ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအား ရက္ခိုင့်တပ်တော် AA ၏တပ်သားများက
ကြိုတင်ကယ်ဆယ်‌ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေစဥ်။ (ဓာတ်ပုံ – AA Info)

မုန်တိုင်းဒဏ်ခံပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးနှင့် ရက္ခိုင့်တပ်တော်၏ သဘောထားများရခိုင်ပြည်မှာ ပြည်သူအမြောက်အမြား သေဆုံးခဲ့ကြတဲ့ဝမ်းနည်းကြေကွဲဖွယ်အတွေ့အကြုံကိုခံစားရပြီးနောက်ပိုင်း မုန်တိုင်းဒဏ်သင့်ပြည်သူတွေအပေါ် စစ်ကောင်စီကမျက်နှာလွှဲခဲပစ်လုပ်နေပေမယ့် ရက္ခိုင့်တပ်တော် (AA) က တော့ ဖေးဖေးမမကြင်ကြင်နာနာဆက်ဆံနေတယ်လို့ ဒေသခံအစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။ရက္ခိုင့်တပ်တော်ဘက်က သတင်းထုတ်ပြန်ကြေညာပြီး မုန်တိုင်းသင့်ပြည်သူများကို ကူညီကယ်ဆယ်ဖို့အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကူအညီတောင်းခဲ့သလိုနိုင်ငံရေးနဲ့တော်လှန်ရေးမဟာမိတ်အင်အားစုတွေ ကိုလည်း အကူအညီတောင်းခံခဲ့ပါတယ်။ဒီလိုအကူအညီတောင်းခဲ့တဲ့အတွက် အရပ်ဘက်အဖွဲ့အစည်း တော်တော် များများကရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ကူညီကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရက္ခိုင့်တပ်တော်ကလည်း ရခိုင်ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေကို အကူအညီပေးနေသလို ရိုဟင်ဂျာ(မွတ်ဆလင်)မွတ်ဆလင်လူ့အဖွဲ့အစည်းကို လည်း အကူအညီတွေပေးဖို့လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကိုပဲစစ်ကောင်စီက သဘောမကျဘဲ ပြည်နယ်တွင်းဝင်ရောက်လာမယ့်အဖွဲ့အစည်းတွေကိုတားမြစ်ပိတ်ပင်ခဲ့တာကြောင့် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် ကြား တင်းမာမှုတချို့ရှိခဲ့ပြီး မေလ ၂၇ ရက်မှာထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံး မှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ၂ ဖွဲ့တည်းသာ ဝင်ရောက်ခွင့်ရရှိခဲ့ တယ်လို့ သိရပါတယ်။

မုန်တိုင်းစဲပြီးနောက် ပြန်လည်တည်ဆောက်ရေးအတွက်လိုအပ်တဲ့စား နပ်ရိက္ခာနဲ့အိမ်ဆောက်ပစ္စည်းတွေကို မတန်တဆဈေးမြှင့်တင်ရောင်းချမှုတွေလည်းဖြစ်ခဲ့ပါတယ်။စစ်တွေမြို့အနီးတဝိုက်မှာ ကြက်ဥ၊ ရေသန့်ဗူး၊ သံမှိုနဲ့ သွပ်ပြားဈေးတွေသိသိသာသာမြင့်တက်သွားခဲ့ပါတယ်။ ဒါကြောင့် ရက္ခိုင့်တပ်တော်က ကုန်ဈေးနူန်းအဆမတန်မြှင့်ပြီးရောင်းချတဲ့ ကုန်သည်ကြီး ၁၀ ယောက်နီးပါးကို ဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက်ပိုင်းကုန်ဈေးနူန်းတွေ ပုံမှန် ပြန်ဖြစ်သွားတယ်လို့ ဒေသခံမွတ်ဆလင်တစ်ဦးကဝမ်းသာအားရပြောကြားခဲ့ပါတယ်။

မုန်တိုင်းမဖြစ်ခင်ကတည်းက ရက္ခိုင့်တပ်တော်ထိန်းချုပ်ဧရိယာထဲက ကျေးရွာတွေမှာ ရက္ခိုင့်တပ်တော်ရဲ့တပ် သားတွေက သက်ကြီးရွယ်အိုနဲ့ကလေးတွေကို ကျောပိုးပြီး ဘေးလွတ်မယ့် အမြင့်ပိုင်းနေရာတွေဆီရွှေ့ပြောင်း ပေးခဲ့တာမျိုး တွေ့ခဲ့ရပါတယ်။ ဒီလိုရွှေ့ပေးချိန်နေမှာလည်းရိုဟင်ဂျာ(မွတ်ဆလင်)ကလေးငယ်တချို့ကို”မင်းတို့ ဒီမှာနေလို့မဖြစ်ဘူး အရမ်းအန္တရာယ်များတယ်”လို့ပြောပြီး ကျောပိုးသယ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတချို့က ပြန်ပြောပြပါတယ်။

ရေလွှမ်းမိုးခံရတဲ့ မွတ်ဆလင်ရွာတွေမှာ ဆားငန်ရေဝင်ရောက်သွားလို့ ရေကန်ကြီးတွေသောက်သုံးလို့မရတော့တဲ့ အတွက် ရေမလွှမ်းတဲ့ ဗုဒ္ဓဘာသာရခိုင်ရွာတွေမှာ ရိုဟင်ဂျာ(မွတ်ဆလင်)တွေအစုလိုက်အပြုံလိုက် ရေသွားခပ်ကြ ရပါတယ်။ ဒီအခါမှာ တချို့ရွာတွေက ရေလာခပ်သူတွေကိုမခပ်ဖို့တားဆီးတာတွေ၊ လှောင်ပြောင်သရော်တာတွေ ရှိခဲ့ပါတယ်။ ရက္ခိုင့်တပ်တော်က ဒီပြဿနာကိုကြားဝင်ပြီး စေ့စပ်ညှိနိူင်းပေးတဲ့အနေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင် ပြည်သူ တွေကိုခေါ်ပြီး လူသားဝါဒ ရှိရမယ်။ဒုက္ခသည်တွေကို ဘာသာမရွေး၊ လူမျိုးမရွေးဘဲ စာနာစိတ်ထားရမယ်လို့ ညွှန်ကြားခဲ့ပါတယ်။ရွာကျောင်းက ဆရာတော်ကြီးတွေကလည်း တစ်နေ့မှာ တစ်နာရီ စသဖြင့် အချိန်ကန့်သတ်ပြီးမွတ်စလင်တွေကို လွတ်လပ်စွာ ရေခပ်ယူခွင့် ပြုခဲ့ကြပါတယ်။

ဒါကြောင့် မုန်တိုင်းဒဏ်ခံရိုဟင်ဂျာ(မွတ်ဆလင်)ပြည်သူတစ်ယောက်က “AA ဟာ လူမျိုး၊ ဘာသာမခွဲခြားဘူး။ လူသားဝါဒရှိတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ကျွန်တော်တို့ရိုဟင်ဂျာ(မွတ်ဆလင်)တွေက ရခိုင်လူ့အဖွဲ့ အစည်းနဲ့ ပတ်သက်လာရင် အပေါင်းလက္ခဏာကိုမြင်အောင်ကြည့်ရမယ်” လို့ ပြောခဲ့ပါတယ်။ပိတ်လှောင်ခံလူ့အဖွဲ့အစည်းရဲ့ ပြဿနာရခိုင်နဲ့ရိုဟင်ဂျာ(မွတ်ဆလင်)တွေဟာ မုန်တိုင်းဒဏ်ကိုခံရတာချင်းတူပေမယ့် ရုန်းကန်နိုးထဖို့ကြိုးစားတဲ့နေရာမှာ တော့ အဆင့်အတန်းအတူတူ ဖြစ်မနေပါဘူး။ ဘာကြောင့်လဲဆိုရင် ရခိုင်တွေမှာအားကိုးအားထားပြုစရာ AA လို အမျိုးသားတော်လှန်ရေးအင်အားစုကြီးတစ်ရပ်ရှိနေပြီး
ရိုဟင်ဂျာတွေမှာတော့ အားကိုးအားထားပြုစရာ အမျိုးသား နိုင်ငံရေးအင်အားစုတစ်ရပ် ရှိမနေပါဘူး။ကံတူအကျိုးပေးဖြစ်တဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအနက် ကံကွက်ကျားနေတဲ့ရိုဟင်ဂျာ(မွတ်ဆလင်)တွေရဲ့ ပြဿနာက ခေတ်အဆက်ဆက် ပိတ်လှောင်ခံ၊ တားမြစ်ခံ၊ဖြတ်လေးဖြတ်အလုပ်ခံရတဲ့ ပြဿနာကြောင့်လို့ ဒေသခံရိုဟင်ဂျာ(မွတ်ဆလင်) ကိုသက်ဦး(အမည်လွှဲ) က ပြောပါတယ်။

လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်၊လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်တွေ တားမြစ်ခံရပြီး သမိုင်းအဆက်ဆက်မှာ ဓားစာခံတွေလိုဆက်ဆံခံထားရတာကြောင့် ရိုဟင်ဂျာ(မွတ်ဆလင်)တွေရဲ့ ခေတ်မဖွံ့ဖြိုးတိုးတက်မှုတွေကအမြဲတမ်းနောက်ကျနေလေ့ရှိပါတယ်။

၂၀၁၂ ခုနှစ်မှာ အဆိုးဆုံးအခြေအနေအထိ တွန်းပို့တာခံခဲ့ရပြီး ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့လူမျိုး သန့်စင်မှုတွေဖြစ်ခဲ့တာကြောင့် လူ့အဖွဲ့အစည်းက ရိုဟင်ဂျာ(မွတ်ဆလင်)တွေအပေါ်အာရုံစိုက်လာကြပါတယ်။ အရင် စစ်ထောက်လှမ်းရေးခေတ် ဗိုလ်ခင်ညွှန့် လက်အောက်ကစစ်ထောက်လှမ်းရေးအရာရှိတွေဟာ ရိုဟင်ဂျာ (မွတ်ဆလင်)တွေကို သွေးခွဲအုပ်ချုပ်ဖို့အတွက်ဘာသာရေးခေါင်းဆောင်(ဗလီဆရာ)တွေကို လက်သပ်မွေးခဲ့ကြတယ်လို့ သိရပါတယ်။

အခုနောက်ပိုင်းမှာ တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေကို လာဘ်ထိုးပြီး camp ကော်မတီဥက္ကဋ္ဌ ရာထူးရဖို့၊ကျေးရွာဥက္ကဋ္ဌရာထူး ရဖို့ သိန်း ၅၀ ကနေ ၂၀၀ အထိပေးတဲ့အနေအထားတွေ ရောက်လာပါတယ်။ပိတ်လှောင်ခံလူ့အဖွဲ့အစည်းထဲမှာ ရှေးရိုးစွဲအတွေးအခေါ်တွေ၊ အစဉ်အလာဟောင်းတွေအပေါ်ဖက်တွယ်ထားမှု တွေ၊ အထက်အောက်ကြီးစိုးတဲ့ဆက်ဆံရေးတွေဖြစ်လာပြီး ခေတ်မီပညာတတ်တွေအားနည်းခဲ့ရပါတယ်။ လူ့အဖွဲ့ အစည်းတစ်ရပ် မှေးမှိန်ပျောက်ကွယ်သွားအောင်လုပ်လိုက်ခြင်းဟာအဲ့ဒီလူအဖွဲ့အစည်းရဲ့ ရှေ့အနာဂတ်မျိုးဆက် မထွန်းကားအောင် လုပ်ယူခြင်း (degeneration )ပဲဖြစ်ပါတယ်။

ဒါကြောင့် အခု ၂၀၂၁ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာ (မွတ်ဆလင်) လူအခွင့်အရေးတန်းတူရရှိအောင်လှုပ်ရှားနေကြတဲ့ လူငယ်တွေကို ရှေးရိုးစွဲအစဉ်အလာအောက်က ရုန်းထွက်နိုင်ကြဖို့၊ ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်တွေကို စွန့်လွှတ်ကြဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ကြဖို့ကိုသက်ဦးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

မိုခါမုန်တိုင်းကာလမှာ ရရှိတဲ့သင်ခန်းစာကိုကြည့်မယ်ဆိုရင် လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေတဲ့ရန်သူဖက်ဆစ် စစ်ကောင်စီတပ်တွေကိုသာ ဆန့်ကျင်ကြဖို့ လိုအပ်ပါမယ်။ ပြည်သူလူထုအပေါ်ဘာသာလူမျိုးမခွဲခြားဘဲ လူသား ဝါဒနဲ့ ဆက်ဆံနေတဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ မဟာမိတ်အဖြစ်ခိုင်မြဲအောင်လက်တွဲပြီး ရိုဟင်ဂျာ(မွတ်ဆလင်) တွေဟာ မုန်တိုင်းကိုဖြတ်ကျော်ခဲ့သလိုနိုင်ငံရေးမိုးသက်မုန်တိုင်းတွေကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေလို့ ဆုမွန်ဒိုဟာရ်တောင်းလိုက်ရပါတယ်ခင်ဗျာ။

**************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1956
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5585

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ်ပိုင်လက်နက်ထုတ်လုပ်မှုစစ်တမ်း
Next Article လက်တွေ့ကျသည့်နည်းလမ်းများဖြင့် စစ်ကောင်စီကို အရေးယူနိုင်ဖို့ KNU လိုလား
thanlwinkhet
  • Website

Related Posts

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

April 28, 2025

ပဋိပက္ခကြားက ကလေးတွေရဲ့ ပညာရေး ခရီးကြမ်း

April 27, 2025

ငလျင်က မြန်မာ့ပြည်တွင်းစစ်ရဲ့ဟန်ချက်ကို ပြောင်းလဲနိုင်သလား

April 24, 2025

Leave A Reply Cancel Reply

Recent Posts

  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

June 18, 2025

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

June 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.