မောင်လှိုင်း တအာင်းလွတ်မြောက်ရေးတပ်မတော်-TNLA သည် ၎င်းတို့ သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှ ဆုတ်ခွာပေးလိုက်ရခြင်းသည် ယခင်မန္တလေးကို သိမ်းမည်ဟု ကြွေးကြော်ခဲ့သည့် နွေဦးတော်လှန်ရေးတပ်များအတွက် ပိုမိုခက်ခဲသွားစေခဲ့သည်။ စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၏ နေရာအများစုကို ပြန်လည် ထိန်းချုပ်လိုက်သည်ဟု TNLA နှင့် နီးစပ်သော မြေပြင်သတင်းအရင်းအမြစ်များမှ ပြောသည်။…