ယမင်းဖူးပွင့်အောင် ဇူလိုင် ၆၊ ၂၀၂၃။ ပဲခူးတိုင်းတွင် စစ်ပန်းနေသည့် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်၍ စစ်ရေးအရှိန်မြှင့်တင်ရန် လုပ်ဆောင်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ပဲခူးတိုင်း၏ စစ်ရေးအခြေအနေကို ခံစစ်မှ ထိုးစစ်ဆင်တိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ၏ ဒုတပ်ရင်းမှူး ခွန်ဇော်က သံလွင်ခက်ကိုပြောသည်။ “အခုချိန်မှာ ERO(တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များ)…
Month: July 2023
PDF စွပ်စွဲချက်နဲ့ ရွာငံ ဒေသခံ ၁၀ ဦးကို စစ်ကြောင်းထိုးဖမ်း *********** ဇူလိုင် ၆ ၊ ၂၀၂၃။ သံလွင်ခက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်PDF များဆိုသည့် စွပ်စွဲချက်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ဒေသခံ၁၀ ဦးကို စစ်ကောင်စီတပ်က ဇွန်လ ၃၀ ရက်တွင် စစ်ကြောင်းထိုးဖမ်းဆီးသွားသည်ဟု ဒေသခံများထံက…
ဘုန်းကြီးကျောင်း၌ သုံးရက်ကြာ တပ်စွဲ၍ ဝက်လက်အရှေ့ခြမ်းရှိ နေအိမ်၄၀နီးပါးကို စစ်ကောင်စီတပ်မီးရှို့ *********************** ကောင်းချစ်အောင် ဇူလိုင် ၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ရွာ ဘုန်းကြီးကျောင်း၌ စစ်ကောင်စီတပ်များ သုံးရက်ခန့် တပ်စွဲသွားပြီးရွာအတွင်းမှ နေအိမ် လေးဆယ်နီးပါးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ မုံရွာမြို့နယ် ကျောက်မြောင်းမှထွက်လာသည့် အင်အား၁၀၀ခန့်ပါ…
သံလွင်ခက် ဇူလိုင် ၅ ၊ ၂၀၂၃။ စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း စစ်ရေးပစ်မှတ်များအပြင် အရပ်သားပစ်မှတ်များကိုပါ လေကြောင်းမှတိုက်ခိုက်နေရာ စစ်ရှောင်များနှင့် ဒေသခံပြည်သူများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဆက်တိုက် ဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ဇွန်လမှစ၍ စစ်ရေး ပိုမို ပြင်းထန်လာနေသည့် ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီက ဝေဟင်၊မြေပြင်တို့မှ ထိုးစစ်ဆင်နေရာ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်နီးပါး…
သံလွင်ခက် ဇူလိုင် ၅၊ ၂၀၂၃။ ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ် နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က သိန်း ၄၀၀၀ ကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု ယမန်နေ့ ဇူလိုင်လ၄ ရက်၌ ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၏ မှတ်တမ်းများအရ သိရသည်။…
သံလွင်ခက် ဇူလိုင် ၅ ၊ ၂၀၂၃ ။ ပြီးခဲ့သည့်ဇွန်လအတွင်း၌ ရှမ်းတောင်ပိုင်းရှိ မိုးဗြဲနှင့်ဖယ်ခုံတို့အပါအဝင် ကရင်နီပြည်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါး သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကယနေ့တွင်ထုတ်ပြန်သည်။ ဇွန်လ တစ်လတာအတွင်း၌ ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များဖြစ်ပွားခဲ့ပြီး၊…
သံလွင်ခက် ဇူလိုင် ၄၊ ၂၀၂၃။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF သည် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့နှင့်တိုက်ပွဲဆင်နွှဲရန် လက်နက်၊ ခဲယမ်းများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ လက်နက်၊ခဲယမ်းအတွက် ငွေကြေး အပြင် သယ်ယူရန် လမ်းကြောင်း အခက်အခဲများနှင့်လည်း ကန်ပက်လက်CDF ကြုံနေကြရသည်။ လက်နက်၊ခဲယမ်း မလုံလောက်မှုများနှင့်ပတ်သက်၍…
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်နှစ်စီး ကြားဖြတ်တိုက်ခံရ ****************** ကောင်းချစ်အောင် ဇူလိုင် ၄၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အမြင့်မြို့ဟောင်းမှ မုံရွာမြို့ဘက်သို့ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်နှစ်စီးကို လက်နက်ကြီးငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု Chindwin Attack Force ထံမှသိရသည်။ ယမန်နေ့ ည၈နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် အမြန်ရေယာဉ် (Speed…
ဒီးမော့ဆိုရှိ စစ်ရှောင်တစ်နေရာကို စစ်ကောင်စီဗုံးကြဲ ********************************** (လုံခြုံတယ်ထင်တဲ့နေရာတောင်မှ လေယာဥ်နဲ့ဗုံးလာကြဲတယ်ဆိုတော့ ပြည်သူတွေက အတော်အထိတ်တလန့်ဖြစ်နေတယ် ) သံလွင်ခက် ဇူလိုင် ၄ ၊ ၂၀၂၃ ။ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာ နေရာတစ်ခုကို စစ်ကောင်စီတပ်ကဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ည သန်းခေါင်ယံကျော်ချိန်…
သဇင် ဇူလိုင် ၄၊၂၀၂၃။ တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်ကလေးငယ်များ ဆက်လက်ပညာသင်ကြားပေးနိုင်ရန် အတွက် ကြိုးပမ်းလျက်ရှိသည်ဟု စစ်ဘေးရှောင်အရေးကူညီသူများထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း နယ်မြေမတည်ငြိမ်မှုများ၊ တိုက်ပွဲများကြောင့် စစ်ရှောင်ကလေးငယ်အများစုမှာ ပညာရေးနှင့်အလှမ်းဝေးနေပြီး ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု စစ်ရှောင်အရေး ကူညီသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။ “စစ်ဘေးရှောင်စခန်းမှာ ရှောင်နေကြတဲ့ကလေးတွေအနေနဲ့ ရှေ့ဆက်ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် စစ်ဘေးရှောင်…