မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲသည့် ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချပ်တူချပ် နယ်မြေက ပြိုကျပျက်စီးခဲ့သည့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားများထဲမှ ၁၅ ဦးခန့်သည့် အလုပ်ရှင်မှ ပေးအပ်သည့် လျော်ကြေး တစ်ဦးလျှင် ဘတ် ၁ သန်းခန့်စီ ရရှိပြီ ဖြစ်သည်ဟု အလုပ်သမားမဟာမိတ်အဖွဲ့…
Browsing: ငလျင်သတင်း
အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာများတွင် ငလျင် ဆက်တိုက်လှုပ်ခတ်သည့် သတင်းများ ထွက်ပေါ်ပြီးနောက် ထိုင်းနိုင်ငံ အက်ဒမန်ပင်လယ်ကမ်းရိုးတန်းတလျှောက် ပြည်နယ်ခြောက်ခုကို သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်မှုများ တိုးမြှင့်ရန် ညွှန်ကြားထားသည်ဟု သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theerarat Samrejvanich က ဘန်ကောက်မြို့တွင် အုပ်ချုပ်ရေးမှူးများ၊ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM)၊ တွင်းထွက်အရင်းအမြစ်များဦးစီးဌာန၊…
မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ နီကိုဘာကျွန်းတောင်ပိုင်းတို့တွင် ဇွန်လ ၂၉ ရက်က ငလျင်လှုပ်ခတ်မှု အများအပြား ရှိခဲ့သည်ကို ထိုင်းမိုးလေဝသဌာန (TMD) မှတ်တမ်းတင်ချက်အရ သိရသည်။ ထိုင်းမိုးလေဝသဌာန (TMD) ငလျင်လေ့လာရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၉ ရက် က ထိုင်းနိုင်ငံ၏ အိမ်နီးချင်းဒေသများတွင် ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။…
သန္တာဖြူ သမိုင်းဆိုတာ သက်သေအထောက်အထား မခိုင်မာဘဲနဲ့ ပြောဖို့ ခက်တဲ့အရာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ မြန်မာတွေရဲ့ လူ့ယဉ်ကျေးမှု သမိုင်းပါ။ အနုလက်ရာမြောက်တဲ့ ရှေးဟောင်းအမွေအနှစ်တွေ ငလျင်ကြောင့် ပျက်စီးသွားတာက မြန်မာတွေရဲ့ သမိုင်းမှတ်တမ်းတွေ ဆုံးရှုံးရတာပါ။ ငလျင်ကြောင့် ပျက်စီးသွားသော အမွေအနှစ်များ ပြီးခဲ့တဲ့ သုံးလအကြာ မတ်လ ၂၈ မှာ…
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နလန်ပြန်မထူနိုင်သေးတဲ့ မြန်မာ့စီးပွားရေးဟာ မတ်လနှောင်းပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပိုပြီး ဆိုးရွားလာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့စီးပွားရေးဟာ ငလျင်ကြောင့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ၂ ဒဿမ ၅ ရာခိုင်နှုန်း ကျုံ့ဝင်သွားနိုင်ဖွယ် ရှိတယ်လို့ ဇွန်လ ၁၂…
အမီးလေး ငလျင်ကြီးကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို့က Sky Villa ကွန်ဒိုတွင် အမျိုးသားတစ်ဦး၏ အလောင်းအား မေလ ၂၂ ရက်တွင် ထပ်မံတွေ့ ရှိခဲ့ပြီး ထုတ်ယူရန် လုပ်ဆောင်နေသည်ဟု ကူညီ ဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။ ငလျင်ကြီးလှုပ်ခတ်ခဲ့သည့်မှာ နှစ်လနီးပါး ကြာသည်အထိ Sky Villa ကွန်ဒိုတွင်…
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အရေးပေါ် အခြေအနေ ကြုံတွေ့နေရချိန်မှ ကူညီကယ်ဆယ်ရေးလုပ်နေသည့် မေလ ၁၆ ရက်အထိ တစ်လခွဲနီးပါးအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ အကြိမ်ရေ ၄၅၀ အထိ တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့သည်။ အဆိုပါကာလအတွင်း…
အမီးလေး မန္တလေးမြို့၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ထိသွားသည့် ကိုယ်ဝန်သည်မိခင် ဗိုက်ထဲတွင် ကလေးသေဆုံးသွားပြီး အချိန်မီဆေးကုသမှု မရ၍ အမျိုးသမီး သန္ဓေအိမ်အတွင်း ပိုးဝင်ကာ သေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ သတင်းနှင့် ပြန်ကြားရေးဌာနမှ မရောင်နီလင်းက အတည်ပြုပြောသည်။ “ငလျင်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်မှာ နှလုံး မခုန်တော့ဘူး။ နှလုံးမခုန်တော့ ဆေးရုံတင်ရမယ့်…
အမီးလေး ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအနီး တောင်ပေါ်က ကျောက်တုံးကြီး တစ်ခု ယမန်နေ့ နေ့လယ် ၂ နာရီ ခန့်က လိမ့်ကျလာပြီး အသက် ၇၀ အရွယ် စစ်ရှောင်အဖိုးအို တစ်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု အဆိုပါ စစ်ရှောင်စခန်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက အတည်ပြုပြောသည်။ အဆိုပါ…
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် အများဆုံးထိခိုက်ခဲ့ရသည့် မန္တလေးမြို့တွင် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အခြေခံလိုအပ်ချက်များ ဖြစ်သည့် ရေ၊ လျှပ်စစ်မီးနှင့် နေအိမ်အဆောက်အအုံဘေး ကင်းလုံခြုံမှုများအပြင် ပြန်လည်ထူထောင်နိုင်ရေးအတွက် အကူအညီ အထောက်အပံ့များမှာ ယခုတစ်လပြည့်ချိန်အထိ လိုအပ်နေဆဲဖြစ်သည်ဟု မန္တလေးမြို့ခံများက ပြောသည်။ “လုပ်နေတာတွေတော့ တွေ့တယ်၊ ထိထိရောက်ရောက် ရှိရဲ့လားဆိုတာကတော့…