Month: November 2023

မိခိုင် နိုဝင်ဘာ ၃၀၊ ၂၀၂၃။ နိုဝင်ဘာလ ၁၃ ရက်က ရခိုင်ပြည်နယ်တွင် စတင်ခဲ့သည့် ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့၏ တကျော့ပြန်တိုက်ပွဲများအတွင်း ဒေသခံများ စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။ စစ်ဘေးရှောင်စခန်းများတွင်လည်း ယခင်စစ်ဘေးရှောင်များအပြင် နောက်ထပ် စစ်ဘေးဒုက္ခသည်များ ထပ်မံရောက်ရှိလာပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသည့်အတွက် ပိုမိုခက်ခဲနေကြောင်း ပုဏ္ဏားကျွန်းမြို့ နယ်…

Read More

ချင်းပြည်နယ်တောင်ပိုင်း ရေဇွာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက် *********** သံလွင်ခက် နိုဝင်ဘာ ၂၉၊ ၂၀၂၃။ ချင်းပြည်နယ်၊ ရေဇွာမြို့က စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိသည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက သံလွင်ခက်ကို ပြောသည်။ “မြို့ကို ပြန်ရတာ။…

Read More

ဘုန်းမောင် နိုဝင်ဘာ ၂၉ ၊ ၂၀၂၃။ ၁၉၈၉ ခုနှစ်မှာတော့ “ဝ”တပ်များ ပန်ဆန်းမြို့သို့ ဝင်ရောက်လာခဲ့ပြီး တရုတ်ခေါင်းဆောင် မော်စီတုံး၏ ပုံတူ ကားချပ်များကို ဖျက်ဆီးပစ်လိုက်ကြပြီး ကွန်မြူနစ်ခေါင်းဆောင်များအား တရုတ်ပြည်တွင်းသို့ စေလွှတ်လိုက်လေ တော့သည်။ “ဝဒေသတွင်းမှ ပြည်သူများသည် ဒေသတွင်းမှာပဲဖြစ်စေ ဒေသပြင်ပ အရပ်တစ်ပါးမှာပဲဖြစ်စေ ရန်သူ စစ်တပ်ရှေ့…

Read More

မယ်စဲ့မြို့နယ်မှ ဆုတ်လာသည့်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ကြားဖြတ်တိုက်ရာ ၂၀ ဦးသေဆုံး ********************************* သံလွင်ခက် နိုဝင်ဘာ ၂၉ ၊ ၂၀၂၃ ။ ကရင်နီ-ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်မှ ဖားဆောင်းမြို့နယ်ဘက်သို့ ဆုတ်ခွာလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့သည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။…

Read More

ပေါက်တောတွင် စပါးတင်လာသည့် စက်လှေကို ရေတပ်ကပစ်ခတ် ************************** မိခိုင် နိုဝင်ဘာ ၂၉၊ ၂၀၂၃။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ဟင်းခရော်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်က စပါးတင်လာသည့်စက်လှေအား စစ်ကောင်စီရေတပ်က ပစ်ခတ်သည့်အတွက် အသက် ၅၀ နှစ်…

Read More

လက်နက်ကြီးကြောင့် သာမဏေ ၂ ပါး ထိခိုက်ဒဏ်ရာရ ************************* နန်းဆုပန်ခန့် နိုဝင်ဘာ ၂၈၊ ၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝအခြေစိုက် အမတ − ၃၁၂ က နိုဝင်ဘာလ ၂၇ ရက်၊…

Read More

ရှမ်းမြောက်မှာ MNDAAနဲ့ TNLA တို့ လွတ်မြောက်ဒေသအဖြစ် စိုးမိုးနိုင်ဖို့ အဓိကမြို့ ၄ မြို့ကျန် ******************************** သံလွင်ခက် နိုဝင်ဘာ ၂၈ ၊ ၂၀၂၃ ။ ၁၀၂၇ စစ်ဆင်ရေး ၁ လတာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAAနဲ့ TNLA တို့ရဲ့ လှုပ်ရှားနယ်မြေတွေမှာ မြို့…

Read More

ဘမောင် နိုဝင်ဘာ ၂၇၊ ၂၀၂၃။ ၁၉၈၈ မတိုင်မီကာလဝန်းကျင်အထိ ပြည်ပကထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဥ်တွေကိုနားထောင်သူရယ်လို့ သိပ် မများလှပါဘူး။ ထုတ်လွှင့်တဲ့ရေဒီယိုအစီအစဥ်တွေကလည်း အမေရိကန်ကVOA၊ အင်္ဂလန်က BBC နဲ့ အိန္ဒိယက AIR စတာတွေလောက်ပါ၊ နိုင်ငံရေးကလည်းခပ်အေးအေးဖြစ်နေချိန်ဆိုတော့ သတင်းတွေကလည်း မထူးခြားလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ၈၈၈၈ အရေးတော်ပုံကာလဝန်းကျင်တဝိုက်မှာတော့ မြန်မာလူထုရဲ့ပြည်ပရေဒီယိုနားထောင်အားက…

Read More

မြောက်ဦးတွင် စပါးရိတ်သိမ်းနေသည့်လယ်သမားများအား စစ်ကောင်စီဗုံးကြဲ ******************************** မိခိုင် နိုဝင်ဘာ ၂၆၊ ၂၀၂၃။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် စပါးရိတ်သိမ်းနေသည့် လယ်သမားများအား စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၂၆ ရက် နေ့လယ် ၂ နာရီခန့်တွင် လေယာဥ်ဖြင့်ဗုံးကြဲခဲ့ကြောင်း သိရသည်။ နတ်ချောင်းကျေးရွာတွင် စပါးရိတ်သိမ်းနေသည့် လူ…

Read More

ကရင်နီစစ်ရှောင်တွေအတွက် စားစရာနဲ့နေစရာ အရေးပေါ်အကူအညီလိုအပ်နေ *********************************** သံလွင်ခက် နိုဝင်ဘာ ၂၆၊ ၂၀၂၃။ လက်ရှိ ကရင်နီပြည်ရဲ့ ၁၁.၁၁ စစ်ဆင်ရေးကာလအတွင်း ထွက်ပြေးရှောင်တိမ်းနေကြရတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ စားစရာနဲ့ နေစရာအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ လွိုင်ကော်မြို့ပေါ်နဲ့ ဖယ်ခုံဘက်ကစစ်ရှောင်တွေ အများဆုံးရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲက စံကားမြို့၊…

Read More