ကရင်ပြည်နယ်၊ မင်းလက်ပံဒေသရှိ ကျားဖြန့်လုပ်ငန်းများရှိရာ Shunda Park ခြံဝင်းအတွင်းမှ လုပ်သားများအားလုံး ထွက်ခွာသွားပြီဖြစ်၍ ၎င်းနေရာကို ကော်သူးလေတရားရေးစနစ်နှင့်အညီ ချိတ်ပိတ်သိမ်းဆည်းလိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (ဒီဇင်ဘာ ၁၇) ထုတ်ပြန်ခဲ့သည်။ KNU ဗဟို၏ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗဟိုအဖွဲ့က ထုတ်ပြန်သော အဆိုပါထုတ်ပြန်ချက်တွင် Shunda Park…
Browsing: ကျားဖြန့်
ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသား ၁၀၀ ကို မဲဆောက်လေဆိပ်မှတဆင့် ယနေ့ နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု တာ့ခ် လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်သည်။ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၁၀း၀၀ နာရီတွင် တရုတ်နိုင်ငံ၏ လေကြောင်းလိုင်း China Southern Airlines ဖြင့် တရုတ်နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ပြန်လည်ပို့ဆောင်ခြင်းခံရသည့်…
ထိုင်း – မြန်မာနယ်စပ်သို့ ရောက်ရှိနေသော တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ (Mr. Liu Zhongyi)သည် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့မှတဆင့် KK Park နှင့် ရွှေကုက္ကိုလ်မြို့များသို့ သွားရောက်ကာ ထိန်းသိမ်းထားသော တရုတ်ကျားဖြန့်လုပ်သားများနှင့်တွေ့ဆုံခဲ့သည်ဟု နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံအစည်းအဝေးသို့ တက်ရောက်လာသော မစ္စတာလျိုကျုံးရိသည်…
မြဝတီမြို့တောင်ဘက်၊ မင်းလက်ပံဒေသရှိ Shunda Park ငွေလိမ်လုပ်ငန်းခြံဝင်းနှင့် ပတ်ဝန်းကျင် လုံခြုံရေးအခြေအနေများ အလွန်အမင်း ဆိုးရွားလာသည့်အတွက် လိုအပ်သလို စီမံခန့်ခွဲနိုင်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝလွှဲအပ်လိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (ဒီဇင်ဘာ ၆) ထုတ်ပြန်ကြေညာလိုက်သည်။ KNU ၏ ထုတ်ပြန်ချက်အရ…
မြဝတီမြို့တောင်ဘက်၊ မင်းလက်ပံဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ခြံဝင်းတွင် လုံခြုံရေးအခြေအနေမှာ ဆိုးရွားသော အခြေအနေရှိနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်သည်။ ယနေ့ (ဒီဇင်ဘာ ၆ ရက်)နံနက်ပိုင်းတွင် KNU က စစ်ဆေးဖော်ထုတ်ထိန်းချုပ်ထားသော Shunda Park ဝင်းအတွင်းသို့ အာဏာသိမ်းစစ်အုပ်စုမှ ၆၀ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် KNU…
မြဝတီ၊ မင်းလက်ပံ ငွေလိမ်ဂိုဏ်းအတွင်းမှ မြန်မာ တစ်ထောင်ကျော်အပါအဝင် လူ ၂၆၀၀ ကျော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဘေးကင်း လုံခြုံစွာရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု ယနေ့ ထုတ်ပြန်သည်။ KNU ထုတ်ပြန်ချက်အရ၊ ကယ်ဆယ်ခံရသူ ၂,၆၄၀ ဦးသည် ဝင်းအတွင်း စုစုပေါင်း လူဦးရေ ၃,၅၈၂ ဦး၏ ၇၄%…
ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) က တရုတ်နိုင်ငံသား ၂၃ ဦး ကို နိုဝင်ဘာ ၂၈ ရက်၊ နံနက်ပိုင်းတွင် ဘုရားသုံးဆူနယ်စပ်ရှိ ထိုင်းအာဏာပိုင်များထံ တရားဝင်လွှဲပြောင်းပေးခဲ့ပြီး သက်သေအထောက်အထားများပါ အပ်နှံခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည်။ ၎င်းတို့သည် KK Park ကျားဖြန့်စခန်းမှ KNU အုပ်ချုပ်ရေးနယ်မြေအတွင်း ထွက်ပြေး ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး…
KNU မှ ဝင်ရောက်ရှင်းလင်းခဲ့သော ကရင်ပြည်နယ်ဘက်ခြမ်း မင်းလက်ပံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်းမှ နိုင်ငံခြားသား ၃၀၀ ကျော်မှာ ယနေ့ညပိုင်းအထိ လွှဲပြောင်းလက်ခံမည့် ထိုင်းအာဏာပိုင်များ ရောက်ရှိလာခြင်း မရှိသေးသဖြင့် သောင်ရင်းမြစ်ကမ်းဘေးတွင် သောင်တင်နေကြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်ဟု KNU က သတင်းထုတ်ပြန်သည်။ အဆိုပါဝင်းအတွင်းမှ လွတ်မြောက်လာသူများအတွက် လက်ရှိတွင် စားနပ်ရိက္ခာနှင့်…
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာရှိ ကျားဖြန့်ဂိုဏ်းကိုနှိမ်နှင်းမှုအတွင်း ကျားတစ်ကောင်တွေ့ရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။ အဆိုပါ ကျားကို တရုတ်သူဌေးများ မွေးမြူထားခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးကဆိုသည်။ ” ကျားက လူတော့ယဥ်တယ်။ လက်ရှိမှာကတော့ ဗိုလ်မှူးဒါဘောကို အပ်ထားတယ်” ဟု အခြားမြေပြင်ရဲဘော်တစ်ဦးကဆိုသည်။ KNU ၏ နိုဝင်ဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ…
ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်၊ မင်းလက်ပံရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဦးဆောင်နှိမ်နင်းနေသော်လည်း လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသာ ပူးပေါင်းကူညီမှု ရှိနေသေးသည်ဟု KNU က (နိုဝင်ဘာ ၂၆) တွင် ထုတ်ဖော်ပြောဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်တွင် မြဝတီမြို့တောင်ဘက်…