• ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
Facebook Twitter Instagram
Trending
  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ
  • ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)
  • ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်
  • မိုင်းယုလေးမှာ SSPP နှင့် TNLA တိုက်ပွဲဖြစ်
Facebook YouTube SoundCloud
News and Media
  • ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
News and Media
You are at:Home»နိုင်ငံတကာသတင်း»ထိုင်းရွေးကောက်ပွဲအလားအလာနှင့် မြန်မာ့အရေးသက်ရောက်နိုင်မှုများ
နိုင်ငံတကာသတင်း

ထိုင်းရွေးကောက်ပွဲအလားအလာနှင့် မြန်မာ့အရေးသက်ရောက်နိုင်မှုများ

thanlwinkhetBy thanlwinkhetMay 10, 2023No Comments2 Mins Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

Loading

သဇင်

မေ ၁၀၊၂၀၂၃။

ထိုင်းနိုင်ငံရွေးကောက်ပွဲရလဒ်သည် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် သက်ရောက်မှုရှိသည့်အတွက် အစိုးရအပြောင်းအလဲကို မျှော်လင့်မှုများရှိသည်ဟု လေ့လာသူများနှင့် ရွှေ့ပြောင်းမြန်မာအရေးဆောင်ရွက်နေသူများကသံလွင်ခက်ကို ပြောသည်။

အလုပ်သမား အခွင့်အရေးနှင့် ခံစားခွင့်များပိုရနိုင်သည့်အတွက် အထွေထွေရွေးကောက်ပွဲတွင် ဖြူးထိုင်းပါတီအနိုင်ရရှိရေး  မြန်မာရွှေ့ပြောင်းအလုပ်သမားများက မျှော်လင့်မှုများရှိသည်ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူ ကိုသားကြီးက ပြောသည်။

ကိုသားကြီးက “အာဏာသိမ်းစစ်တပ်ပါတီကလွဲရင် အခြားပါတီတွေဟာ မြန်မာနိုင်ငံအပေါ်မှာ ဒီမိုကရေစီစံနှုန်းနဲ့အညီ စေတနာထားတာ‌တွေ့ရတယ်။ဒါကြောင့်မို့ အခုရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်တဲ့ အရပ်သားပါတီအသီးသီးက ဘယ်သူပဲအနိုင်ရရ အရပ်သားအစိုးရသာလျှင် မြန်မာအလုပ်သမားတွေအတွက် အလားလာကောင်းတွေအများကြီးဖြစ်ပေါ်လာနိုင်မှာပါ“ဟုပြောသည်။

ဖြူးထိုင်းပါတီသည် ထိုင်းဝန်ကြီချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ပေတုန်တန် ပါဝင်သည့် ပါတီဖြစ်သလိုအနာဂတ် ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားလျက်ရှိသည်။

စစ်တမ်းများအရအသက် ၃၆ နှစ်အရွယ် ပေတုန်တန်ရှင်နာဝပ်ကို ထောက်ခံသူ ၃၂.၁ ရာခိုင်နှုန်းရှိ ပြီး အသက် ၆၉နှစ်ရှိပြီဖြစ်သည့် လက်ရှိစစ်အာဏာသိမ်း ဝန်ကြီးချုပ်ချန်အိုချာကိုထောက်ခံအားပေးသူ ၁၆.၃ ရာခိုင်နှုန်းရှိသည်။

ထိုင်းနိုင်ငံ၏ အစိုးရအပြောင်းအလဲသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများသာမက မြန်မာစစ်ဘေးရှောင်နှင့် ဒီမိုကရေစီအရေးဆောင်ရွက်သူများအပေါ်တွင်လည်း  သက်ရောက်မှုများရှိနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“တကယ်လို့သက်ဆင်ရဲ့ သမီးပါတီက အနိုင်ရပြီး ဒီမိုကရေစီအစိုးရဖြစ်လာမယ် သူတို့ကသာ ထိုင်းနိုင်ငံကို ဒီမိုကရေစီဖွဲ့စည်းပုံအတိုင်းကျင့်သုံးမယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေ ဒုက္ခသည်တွေအတွက် ပိုမို‌ကောင်းမွန်တဲ့ထောက်ပံ့မှုတွေရှိလာမယ်လို့မျှော်လင့်ပါတယ်“ဟု ဆိုသည်။

ရွေးကောက်ပွဲအပြီးကာလတွင် တရားဝင်နေထိုင်ခွင့်နှင့် ထိုင်းနယ်စပ်‌ဒေသတွင် ရောက်ရှိနေကြသည့်ဒုက္ခသည်များအတွက်လည်း နိုင်ငံတကာအကူအညီများ ဝင်ရောက်နိုင်ရန် အခြေနေများ ဖန်တီးလာနိုင်ပြီး ထိုင်းနိုင်ငံအစိုးရအပြောင်းလဲသည် မြန်မာဒုက္ခသည်များအတွက် အလင်းရောင်တစ်ခုဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရဆက်လက် တာဝန်ယူမည်ဆိုပါက မြန်မာ့ဒီမိုကရေစီအရေးထောက်ခံမှုအားနည်းကာ စစ်ကောင်စီ စိတ်တိုင်းကျ ဆက်လက်အကောင်အထည်ဖော်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူဦးစိုင်းကြည်ဇင်စိုးကသုံးသပ်သည်။

“သူတို့က မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ဆက်ဆံရေးမျိုးရှိတယ်။သူတို့ဆက်နိုင်မယ်ဆိုရင် ထိုင်းမြန်မာနယ်စပ်အခြေပြုပြီး တော်လှန်ရေးလှုပ်ရှားမှုတွေကို ပိုပြီးတင်းကြပ်လာစရာရှိတယ်။ထိုင်းထဲကိုဝင်နေတဲ့ မြန်မာတွေကိုပိုပြီး တင်းကြပ်တာ ဖမ်းဆီးတာမျိုးတွေလုပ်ဆောင်လာနိုင်တယ်“ဟု ပြောသည်။

လတ်တလော ဖြူးထိုင်းပါတီက  မဲဆွယ်ကတိပေးရာတွင် ထိုင်းနိုင်ငံသား သာမန်ဘွဲ့ရသူများ၏ အနိမ့်ဆုံး လုပ်ခလစာအား တစ်လလျှင် ဘတ် ၂၅၀၀၀ အထိ တိုးမြှင့်ပေးရန်နှင့် ရွှေ့ပြောင်းလုပ်သားများ၏ နေ့စဉ်အနိမ့်ဆုံး လုပ်ခလစာအား ဘတ် ၆၀၀ ခန့်အထိ ရရှိနိုင်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။

၂၀၁၁ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမဖြစ်သူ ယင်လတ်သည် ထိုင်းနိုင်ငံ၏ ပထမ ဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက် ရွှေ့ပြောင်းလုပ်သားများ၏ နေ့စဉ် အနိမ့်ဆုံး လုပ်အားခအား ဘတ်ငွေ၃၀၀ အထိ တိုးမြှင့်ပေးခဲ့ပြီး ထိုင်းနိုင်ငံသား သာမန်ဘွဲ့ရသူများ၏ လစာဝင်ငွေအား တစ်လလျှင် ဘတ်ငွေ ၁၅၀၀၀သို့ တိုးမြှင့်ပေးခဲ့ဖူးသည်။

ထိုင်းနိုင်ငံ၏  အထွေထွေရွေးကောက်ပွဲကို လာမည့် မေလ ၁၄ ရက်နေ့တွင်  ကျင်းပမှာဖြစ်ပြီး ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် ၂၀၂၀ ခုနှစ်က ဝန်ကြီးချုပ်ချန်အိုချာအစိုးရ နုတ်ထွက်ပေးဖို့နှင့် ပိုမိုပြည့်ဝသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို တောင်းဆို ဆန္ဒပြပွဲများတွင်  ဦးဆောင်ပါဝင်ခဲ့သူ လူငယ်များနှင့် ဖွဲ့စည်းထားသည့်Move forward Party ပါတီသည် လည်း ထိုင်းပြည်သူများကြား ထောက်ခံမှုများရှိနေသည်။

ပုံစာ–မဲဆွယ်စည်းရုံးရေးတစ်ခုတွင်တွေ့ရသည့် ဖြူးထိုင်းပါတီ ခေါင်းဆောင် Paethongtarn Shinawatra။

Photo-Paethongtarn Shinawatra

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram-> https://t.me/newstlk/967

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=4133

Website ->https://eng.thanlwinkhet.net

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Previous Articleမင်းတပ်စစ်ရှောင်နှစ်ရွာ လက်နက်ကြီးများဖြင့်ပစ်ခတ်ခံရပြီး ရွာမီးလောင်
Next Article ကာကွယ်ရေးတပ်သတိပေးမှုကြောင့် ကလေးတက္ကသိုလ်နှင့် ခိုင်ကမ်းမြို့ရဲစခန်းအနီး ဒေသခံများပြောင်းရွှေ့
thanlwinkhet
  • Website

Related Posts

ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် လုံခြုံရေးတင်းကြပ်

May 23, 2023

တရုတ်က မြန်မာဘက်မှ ရပ်တည်မည်ဟုစစ်ကောင်စီဖော်ပြ

May 3, 2023

ထိုင်းနိုင်ငံမှာ အလုပ်ဖြုတ်ခံရသည့်အလုပ်သမား ၁၀၀၀ ကျော် အခက်အခဲဖြစ်နေ

April 3, 2023

Leave A Reply Cancel Reply

Recent Posts

  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
  • Facebook
  • Twitter
  • Instagram
  • Pinterest
Don't Miss

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ

Archives

  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021
  • December 2020

Categories

  • Activity
  • Artificial Intelligence
  • Beauty
  • Business
  • General
  • Sports
  • Travel
  • Uncategorized
  • World
  • စီးပွားရေးသတင်း
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပြည်တွင်းသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • အင်တာဗျူး
Popular Posts

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

September 27, 2023

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

September 27, 2023

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

September 26, 2023
Copyright © 2023. Designed by Than Lwin Khet. All Rights Reserved.
  • Home
  • General
  • Buy Now

Type above and press Enter to search. Press Esc to cancel.