သံလွင်ခက်
သြဂုတ် ၁၈ ၊ ၂၀၂၃ ။
ပြီးခဲ့သည့်ဇူလိုင်လအတွင်း အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များကတိုက်ပွဲများဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၄၀၀ ဦးအထိသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရNUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင်သတင်းထုတ်ပြန်သည်။
အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ပြီးခဲ့သည့်ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၄၃၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄၀၀ ဦး သေဆုံးကာ ၅၇၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်မျိုးစုံ ၂၆ လက်အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြားသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ၂၆ ဦးကျဆုံး၍ ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကထုတ်ပြန်ထားသည် ။
ပုံစာ– စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ်တိုက်ပွဲတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1798
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5301
Website ->https://eng.thanlwinkhet.net