ဒီဇင်ဘာ ၆၊ ၂၀၂ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားရာ ဒေသများတွင် ဒီဇင်ဘာ ၇ ရက်၌ ကျရောက်သော ၂၇၁၇ နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့ကြိုဆိုသည့် လှုပ်ရှားမှုများဆောင်ရွက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ TNLA ဦးဆောင်သူများပါဝင်တက်ရောက်ခဲ့ကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာအစီအစဉ်များ ထည့်သွင်းကျင်းပခဲ့သည်။ ဒေသတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း တအာင်းတပ်မတော်ဘက်က ပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာတွင်…
Browsing: တိုင်းရင်းသားသတင်း
မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီနယ်မြေအတွင်းရှိ အာဏာသိမ်းတပ်ဖွဲ့ဝင် တပ်သား နှစ်ဦးသည် အောက်တိုဘာလ ၁ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံသို့ ထပ်မံ အလင်းဝင် ခိုလှုံခဲ့သည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်သည်။ အလင်းဝင်ခိုလှုံလာသည့် အဆိုပါတပ်သား နှစ်ဦးသည် စစ်ကော်မရှင်၏ ခလရ-၂၈၀ တပ်ရင်းမှဖြစ်သည်။…
၂၀၂၅ ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လအတွင်း စစ်ကောင်စီက အပြစ်မဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခြင်းနှင့် ကျေးရွာများသို့ ဝင်ရောက်သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၁၂၀၀ ကျော်အထိ ကျူးလွန်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက် ထုတ်ပြန်ချက်များအရ သိရသည်။ စစ်တပ်သည် KNU…
ကရင်ပြည်နယ်၊ ကော့ကရိတ် – သင်္ကန်းညီနောင် အာရှလမ်းကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သောကြောင့် ထိုးဖောက်နိုင်ခဲ့သည့် အခြေအနေတွင်ရှိသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ မြေပြင်သတင်းရင်းမြစ်တစ်ဦးက “အခု ၃၅၅၊ ၃၅၆၊ သင်္ကန်းညီနောင်ဗျူဟာကို အခုကတော့ စကစရောက်နေပြီ။ ခံပစ်လို့ အဆင်မပြေတော့ဘူး။ သူတို့ဘက်က အင်အားလည်း များတယ်” ဟုပြောသည်။ စက်တင်ဘာ…
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့ဆေးရုံအား ယမန်နေ့ ညသန်းခေါင် ၁၁ နာရီကျော်အချိန်မှာ စစ်တပ်ဘက်မှ ကာမီကာဇေအသေခံဒရုန်းဖြင့် တိုက်ခိုပ်ခဲ့သည်။ လေးကေ့ကော်ဒေသခံတစ်ဦးက ” ဒရုန်းနဲ့လာကြဲတာ။ လူတော့အထိအခိုက်မရှိဘူး။ ဆေးရုံစတိုခေါင်မိုးတော့ ပွင့်သွားတယ်။ ” ဟု ဆိုသည်။ စစ်တပ်ဘက်မှ ဒရုန်းကြဲချသည့်အချိန်သည် လေကြောင်းရန်ကိုစိုးရိမ်သောကြောင့် ဆေးရုံကို ပိတ်ထားသောအချိန်ဖြစ်သည်။ မြဝတီမြို့တောင်ဘက် ကျောက်ခက်ဒေသရှိ…
စစ်ကော်မရှင်က ယခုနှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ရွေးကောက်ပွဲအား အပြည့်အဝထောက်ခံသည်ဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF က စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ ထိုအပြင် ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများကို တည်ငြိမ်လုံခြုံ၊ တရားမျှတစွာ ကျင်းပနိုင်ရန်နှင့် အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ကူညီဆောင်ရွက်သွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။ ယခုနှစ် ဒီဇင်ဘာ ၂၈…
ခင်သရဖီဦး အာရက္ခဒေသအတွင်း ပြည်သူများ လက်ဝယ်ရောက်ရှိနေသည့် လက်နက်ခဲယမ်းများနှင့် စကားပြောစက်များကို ၄၅ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးရုံများတွင် လာရောက် အပ်နှံရမည်ဟု အာရက္ခတပ်တော် AA က ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး အသိပေးဆိုင်ပုဒ်များဖြင့် ထုတ်ပြန်ထားသည်။ ပြည်သူများထံတွင် ရောက်ရှိနေပြီး အသက်အန္တရာယ်…
ကိုဏီတာ Health Information System Working Group (HISWG) က ဦးဆောင်ပြုလုပ်ထားသည့် တိုင်းရင်းသားဒေသများဆိုင်ရာ လူနေမှုနှင့် ကျန်းမာရေးစစ်တမ်း(၂၀၂၄)ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ပြုလုပ်ခဲ့သည်။ အဆိုပါ တိုင်းရင်းသားလူနေမှုနှင့်ကျန်းမာရေးစစ်တမ်း ၂၀၂၄ (Ethnic Demographic and Health Survey – EDHS) ကို…
ကိုဏီတာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ဦးဆောင်ကျင်းပသည့် ဆွေးနွေးပွဲတွင် တအာင်းတပ် (TNLA)၊ ကိုးကန့်တပ်(MNDAA)နှင့် ရှမ်းတပ်(SSPP/SSA) တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့အား ဝ ပြည်နယ်ဘက်မှ စစ်ရေး အကူအညီ အားလုံး ရပ်ဆိုင်းမည်ဟု UWSA က တရားဝင်အသိပေးပြောဆိုလိုက်သည်။ ၎င်းဆွေးနွေးပွဲကို ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော…
စောရှင်ညို ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နိုင်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားအတတ်ပညာသင်တန်းသားခေါ်ယူနေကြောင်းကို ဩဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါသင်တန်းသားများကို ၁၈ လကြာသင်တန်းများပို့ချပြီးနောက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနလက်အောက်တွင်ရှိသော ကျေးလက်ကျန်းမာရေးဌာနများတွင် လစ်လပ်နေသောသားဖွားဆရာမ(Midwife)များအဖြစ် ခန့်အပ်ကာ အာရက္ခပြည်သူများ၏ ကျန်းမာရေးကိစ္စများကိုဖြေရှင်းနိုင်ရန်ရည်ရွယ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “ရခိုင်ပြည်မှာ ပြည်သူတွေကျန်းမာရေးအားနည်းမှုတွေ တော်တော်များနေပါတယ်။ အာရက္ခတပ်တော်အနေနဲ့ အခုလိုသင်တန်းတွေလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကြိုဆိုပါတယ်။…