• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်
  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
  • ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး
  • ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»ဒစ်ဂျစ်တယ်ပလက်ဖောင်းထက်က အကြောက်တရားသွတ်သွင်းမှု
သတင်းဆောင်းပါး

ဒစ်ဂျစ်တယ်ပလက်ဖောင်းထက်က အကြောက်တရားသွတ်သွင်းမှု

thanlwinkhetBy thanlwinkhetJune 16, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အေကေ။

ဇွန် ၁၆ ၊ ၂၀၂၃။

အလျား ပေ ၅၀၊ အနံ ၁၂ ပေ တိုက်ခန်းအတွင်း အသက် ၂၆ နှစ်အရွယ် မသီရိ (အမည်လွှဲ) က သူ၏ ဖုန်းကို ၅မိနစ်ခြား တစ်ခါ အလျင်လိုစွာ ကြည့်နေသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ဂရုများတွင် ဖမ်းဆီးခံရနိုင်ရန် ခြိမ်းခြောက်ခံခဲ့ရသည့်ထဲမှ ဖမ်းဆီးခံရသူများ၏ သတင်းများကို အစဉ်မပြတ် ကြည့်ရှု့နေခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းနှင့်ပတ်သက်ပြီး ယခု ဆယ်တန်းအောင်မြင်သည့် သူများသည် အရည်အချင်းမရှိလောက်ဘူးဟု သက်ရောက်သည့်စာမျိုးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် သူ၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာ၌ တင်ခဲ့သည်။

ဖေ့စ်ဘွတ်တွင် တင်ပြီး ၂ နာရီအကြာတွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တစ်ခုဖြစ်သည့် ဟန်ငြိမ်းဦးချန်နယ်၌ သူ၏ ဓာတ်ပုံနှင့် နေရပ်လိပ်စာ ပါရှိလာပြီး ၎င်းကို ဖမ်းဆီးရန် လှုံ့ဆော်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီသည် ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အကြောက်တရားနှင့် အုပ်ချုပ်ခဲ့သည်။ အကြောက်တရား ရေရှည်တည်တံ့နိုင်ရေးအတွက် ဒီဂျစ်တယ်ပလက်ဖောင်းထက်ဝယ် အမုန်းစကား လှုံ့ဆော်မှုများကို လက်နက်သဖွယ် အသုံးချလျက်ရှိသည်။

ထိုသို့ အသုံးချခံရသည့်ထဲတွင် မသီရိလည်း ပါဝင်လာခဲ့ပြီ။ သူ၏ အချက်အလက်များ တယ်လီဂရမ်ချန်နယ်တွင်ပါရှိလာပြီးနောက် မသီရိသည် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ နေထိုင်ရာ နေအိမ်မှ နောက်ထပ် အဆောင်နေရာတစ်ခုသို့ ချက်ချင်းပြောင်းရွှေ့နေထိုင်ခဲ့သည်။

ပြောင်းရွှေ့နေထိုင်ခဲ့စဉ် ကာလအတွင်း သူ ကြုံတွေ့ခဲ့ရသည့် စိတ်ခံစားမှုအခြေအနေနှင့် ပတ်သက်ပြီး

“ရှောင်နေရတဲ့ ရက်တွေမှာ စားလို့လည်း မဝင်၊ အိပ်လည်း မပျော်၊ စိုးရိမ်မှုနဲ့ အောက်ထပ်တောင် မဆင်းရဲ၊ တယ်လီဂရမ်ထဲပဲ ဝင်ဝင်ကြည့်ဖြစ်တယ်။ အဲဒီတုန်းက အတင်ခံရတဲ့သူတွေ တချို့က ပါတဲ့ သတင်းတွေလည်း တွေ့တော့” ဟု ဆိုသည်။

စစ်ကောင်စီသည် “အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်” ဟု ၎င်းလက်အောက်ခံ သတင်းစာများတွင်နေ့စဉ် ထည့်သွင်းထားသော်လည်း ၎င်းတို့သည် စာရွက်ပေါ်က စကားစုမျှသာ ဖြစ်သည်။

လက်တွေ့တွင် စစ်ကောင်စီကို မထောက်ခံသည့် အရေးအသားများ၊ တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့် အရေးအသားများ ရေးသားနေသော မသီရိကဲ့သို့ သူများကို ဖေ့စ်ဘွတ်၊ တယ်လီဂရမ်၊ Viber နှင့် Tik Tok စသည့် ပလက်ဖောင်းများတွင် ခြိမ်းခြောက် ဖမ်းဆီးရန် အမုန်းစကားများ ရေးသားဖြန့်ချိလျက်ရှိသည်။

ဖမ်းဆီးရန် ခြိမ်းခြောက်ခံခဲ့ရသော စာရင်းထဲတွင် ပါရှိခဲ့သည့် မသီရိသည်လည်း ဖမ်းဆီးခံရမည်စိုးသည့်အတွက်ရှောင်တိမ်းနေစဉ်ကာလအတွင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

မသီရီက “အခက်အခဲက ရုံးက ခွင့်ယူလို့မရတာ ပြောရရင် ခွင့်မပေးတာမျိုး၊ ထွက်မယ်ဆိုရင်တောင် ခွင့်ကအနည်းဆုံး တစ်လကျော် နှစ်လ တင်ရတာ။ work from home လုပ်ရတယ်။ ဒါပေမယ့် စိတ်က အလုပ်ထဲ စိတ်လည်း မပါ။ အထီးကျန်သလိုရော ကြောက်သလိုပါ ခံစားရတယ်။ ပြီး အိမ်အတွက်ပါ စိတ်ပူခဲ့ရတာ” ဟု သူရင်ဆိုင်ခဲ့ရပုံကို ဆိုသည်။

ထို့သို့ အမုန်းစကား ဖြန့်ချိမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ ဝါဒဖြန့်ပေ့ချ်များ၊ မီဒီယာပေ့ချ်များနှင့် ထိပ်ပိုင်း ခေါင်းဆောင်များ၏ အကောင့်များကို ဖေ့စ်ဘွတ် လူမှုကွန်ရက်ကုမ္ပဏီ (Meta) က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၁၁ ရက်မှစ၍ ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့သည်။

ဖယ်ရှားခဲ့ခြင်းနှင့်ပတ်သက်၍ “ရေးသားသည့် အကြောင်းအရာများသည် အကြမ်းဖက်မှု၊ သွေးထိုးလှုံ့ဆော်မှုနှင့်ထိခိုက်စေမှုတွင် ပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ မူဝါဒများကို ချိုးဖောက်သည်” ဟု ဖေ့စ်ဘွတ်ဘက်က ထုတ်ပြန်ထားသည်။

ထို့နောက် စစ်ကောင်စီသည် အမုန်းစကားဖြန့်ဝေမှုများကို ဖေ့စ်ဘွတ်ဘက်မှ တယ်လီဂရမ် ပလက်ဖောင်းသို့တဖြည်းဖြည်း ချဲ့ထွင်လာခဲ့သည်။  ဖေ့စ်ဘွတ်လူမှုကွန်ယက်တွင် အလုံးစုံ ပျောက်ကွယ်သွားခြင်းတော့ မဟုတ်ပေ။

ဖေ့စ်ဘွတ်ထက် တယ်လီဂရမ် လူမှုကွန်ရက်စာမျက်နှာတွင် အကြမ်းဖက်မှုကို တိုက်တွန်းသည့် အခြေအနေ များစွာကို တွေ့ရှိရသည်ဟု စစ်ကောင်စီ၏ အမုန်းစကား၊ ဝါဒဖြန့်မှုများနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေသည့်အဖွဲ့များထံမှ သိရသည်။

တယ်လီဂရမ် ပလက်ဖောင်းသို့ ချဲ့ထွင်ပြောင်းရွှေ့ခြင်း

*************************************

ဖေ့စ်ဘွတ်သည် ယခင် သတ်မှတ်ထားသည့် စံချိန်စံနှုန်းများကို မြှင့်တင်ခြင်း၊ ပြည်တွင်း၌ ရှိသော ယုံကြည်ရသည့်လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ အမုန်းစကားများနှင့် ပတ်သက်သည့် Key Word (အဓိက စကားလုံးများ) ကို ၎င်း၏ AI အတွင်း ထည့်သွင်းစောင့်ကြည့် ပို့စ်ဖျက်ချခြင်း၊ AI အတွင်း မပါရှိသည့် Key Word (အဓိက စကားလုံးများ) ကိုလည်း  လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များက Report (အစီရင်ခံစာ) တင်သည့် အခါမျိုး၌ ပိုစ့်ဖျက်ချခြင်း၊ Reached (ရောက်ရှိမှုနှုန်း) များကို လျှော့ချခြင်းများ ပြုလုပ်သည်။

ထို့ကဲ့သို့သော မူဝါဒအသစ်များကြောင့် ဖေ့စ်ဘွတ်ပေါ်၌ အမုန်းစကား၊ ဝါဒဖြန့်မှုများကို လုပ်ဆောင်နေသည့် စစ်ကောင်စီအတွက် အကျပ်ရိုက်စေခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်တွင်း ဖေ့စ်ဘွတ်အသုံးပြုမှုကို ကန့်သတ်လိုက်ကာ VPN ခံသုံးမှသာလျှင် သုံးလို့ ရအောင် ပြုလုပ်ထားသည့်အတွက် အသုံးပြုရလွယ်ကူပြီး  VPN ခံသုံးစရာ မလိုသည့် တယ်လီဂရမ် အသုံးပြုသူ တဖြည်းဖြည်း များလာခဲ့ကြသည်။

ထို့နောက် စစ်ကောင်စီသည် စံချိန်စံနှုန်း တားဆီးပိတ်ပင်မှုများ တင်းကြပ်ထားသည့် ဖေ့စ်ဘွတ်ကနေ အသုံးပြုမှုများပြားသည့် တယ်လီဂရမ်သို့ အမုန်းစကား၊ ဝါဒဖြန့်ဝေမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက်တဖြည်းဖြည်း ရွေ့လျားလာခဲ့သည်။

ထိုသို့ ပြောင်းရွှေ့ချိန်တွင် တယ်လီဂရမ်ပေါ်၌ အမုန်းစကား၊ ဝါဒဖြန့်ဝေမှုများ လုပ်ဆောင်နေသည့် ဆယ်ဂဏန်းမျှသာ ရှိခဲ့သည်။ လက်ရှိအချိန်တွင်တော့ ဟန်ငြိမ်းဦး၊ Ka Ka Han၊ ကျော်စွာ၊ မြန်မာ့ခရီးသည်၊ Pan၊ DGF 21 New၊ Banyunt၊ Hla Shwe၊ Lin Nay၊ မှိုင်းဝေ ၊ KO Chit ၊ ရွှေဘ၊ Ko Thet၊ MRTV၊ NP New Myanmar၊ Ko Khant၊ Min Myanmar၊ People Media၊ Myanmar Hard Talk စသည်များအပါအဝင် ချန်နယ် ၁၅၀ ကျော်အထိ တဖြည်းဖြည်းတိုးပွားခဲ့သည်။

စစ်ကောင်စီသည် တယ်လီဂရမ်တွင် အမုန်းစကား၊ ဝါဒဖြန့်ဝေမှု အများဆုံး လုပ်ဆောင်နေလျက်ရှိပြီး တခြားသောဖေ့စ်ဘွတ်၊ Viber ၊ TikTok ၊ OK Par ၊ Youtube စသည့် ပလက်ဖောင်းများတွင်လည်း အမုန်းစကား၊ ဝါဒဖြန့်ဝေမှုများ ရသလောက် လုပ်ဆောက်လျက်ရှိသည်။

အဆိုပါ ပလက်ဖောင်းများတွင် ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သည်၊ ထောက်ပို့ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုခြင်း၊ နွေဦးတော်လှန်ရေးကို‌ ထောက်ခံသည့် ပို့စ်များ၊ မှတ်ချက် comment များရေးသားခြင်းနှင့် ပြန်လည် မျှဝေခြင်း စသည့် အကြောင်းအရာများဖြင့် ခြိမ်းခြောက်မှုများကို အများဆုံး ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် တယ်လီဂရမ် လူမှုကွန်ရက်မှ ဝါဒဖြန့်ချန်နယ်များ၊ အမုန်းစကား ဖြန့်ချိနေသည့် အကောင့်များကိုဖယ်ရှားမှုပြုလုပ်ခဲ့သော်လည်း အနည်းကျဉ်းသာ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရသည်။

ခြိမ်းခြောက်ဖမ်းဆီရန် လှုံ့ဆော်နေသည့် တယ်လီဂရမ်ရှိ  ဟန်ငြိမ်းဦးနှင့် သဇင်ဦး ချန်နယ်များကို တယ်လီဂရန်လူမှုကွန်ရက်ကုမ္ပဏီက ဖယ်ရှားမှုများ ပြီးခဲ့တဲ့ နှစ်အတွင်းက လုပ်ဆောင်ခဲ့ဖူးသည်။

သို့သော် အချိန်ပိုင်းအတွင်းမှာပင် ဟန်ငြိမ်းဦးနှင့် သဇင်ဦး အမည်ရှိ ချန်နယ်အသစ်များ ထပ်မံ ပေါ်ပေါက်ခဲ့ကာအမုန်းစကား လှုံ့ဆော်မှုများကို ဆက်လက် ဖြန့်ဝေခဲ့ကြသည်။

လက်ရှိအချိန်တွင် ကျော်စွာချန်နယ်တွင် အဖွဲ့ဝင် ကိုးသောင်းကျော် (97.7 k) ရှိပြီး ဟန်ငြိမ်းဦးနှင့် သဇင်ဦး အမည်ရှိ ချန်နယ်များ၌ အဖွဲ့ဝင် သုံးသောင်း (30.1 k) နှင့် ခုနစ်သောင်းကြား (74.5 k) ရှိကာ အခြားချန်နယ်များတွင် အဖွဲ့ဝင် အနည်းဆုံး သုံးသောင်း (3 K) နှင့်အထက် ရှိသည်။

ထို့ကြောင့် လက်ရှိတွင် ဖေ့စ်ဘွတ်ကဲ့သို့ပင် တယ်လီဂရမ်ချန်နယ်များတွင်  အမုန်းစကား လှုံ့ဆော်မှုများ မလုပ်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု အမုန်းစကား၊ ဝါဒဖြန့်မှုများနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေသည့် အဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “တယ်လီဂရမ်သည် မဖြစ်မနေ Target Advocacy ထဲမှာ ပါကို ပါရမယ်ဆိုပြီး ရရှိလာတဲ့ အချက်အလက်တွေကို ဝေမျှတယ်။ နိုင်ငံတကာအဖွဲ့စည်းတွေထံကို ဒီဒေတာတွေ ထည့်မယ်၊ ပြီးရင် တယ်လီဂရမ်နဲ့ ပတ်သက်ပြီးဘာဆက်လုပ်လို့ရမလဲ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်လိုပဲ သူတို့ ပိုဂရုစိုက်လာအောင် ဒီပြဿနာကို ပိုနားလည်လာအောင် ဘယ်လို လုပ်ကြမလဲ။ နောက်ဆက်တွဲ ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်ဆောင်နေပါတယ်” ဟုဆိုသည်။

အမုန်းစကား၊ ဝါဒဖြန့်မှု ဒီရေ အမြင့်ဆုံးချိန်

*********************************

တယ်လီဂရမ်ချန်နယ်များတွင် စစ်ကောင်စီသည် ပြည်သူများကို အကြောက်တရားဖြင့် အုပ်ချုပ်နိုင်ရန် ၎င်းတို့ကိုဆန့်ကျင်သူများ၏ ဓာတ်ပုံ ကိုယ်ရေးအချက်လက်များကို ဖြန့်ဝေခြင်း၊ လူထု အချင်းချင်း၊ နိုင်ငံရေးအင်အားစုအချင်းချင်းကြား သပ်လျှိုဖြိုခွဲစေမည့် ပိုစ့်များ ဖြန့်ဝေခြင်း၊ အနုပညာရှင်များ၊ နာမည်ကျော်ကြားသူများအားအသုံးပြု၍ လူထုအာရုံကို လွှဲပြောင်းစေမည့် ပိုစ့်များကို ဖြန့်ဝေခြင်းတို့ကို နိစ္စဓူဝ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့သော လုပ်ဆောင်ချက်များအပြင် စစ်ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုအခြေအနေများကို ဖုံးကွယ်ရန်၊ ပြည်သူများအကြား ရိုက်ခတ်နေသည့် အကြောင်းအရာများပေါ်တွင် ရုတ်တရက် တန်ပြန် အမုန်းစကားဝါဒဖြန့်မှုများကိုလည်း လုပ်ဆောင်လေ့ရှိသည်။

ထိုထဲမှ အကြောင်းအရာ တစ်ခုဖြစ်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်အပါအဝင်  ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက ကြိုးမိန့်ပြစ်ဒဏ်ပေးခဲ့သည်ဟု သတင်းစာများတွင် ဖော်ပြခဲ့သည်များကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်၌ တယ်လီဂရမ်ချန်နယ်များတွင် အမုန်းစကား၊ ဝါဒဖြန့်မှုများကို အများဆုံး ဖြန့်ဝေခဲ့သည်ကို တွေ့ရှိရသည်။

ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသသည့်အနေဖြင့် အနက်ရောင် ပရိုဖိုင်းချိန်းထားသည့် ပြည်သူများ၏ ဓာတ်ပုံ၊နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်လက်အပြည့်အစုံများကို တယ်လီဂရမ်ချန်နယ်များတွင် တင်ပြီး ဖမ်းဆီးရန်လှုံ့ဆော်သည့် ပိုစ့်များ အများဆုံး တင်ခဲ့ကြသည်။

စစ်ကောင်စီ လက်အောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် အမုန်းစကား၊ ဝါဒဖြန့်မှုများ ဖြန့်ဝေနေမှုကို လေ့လာကြည့်လျှင် ဇူလိုင်လ တစ်လလုံး၌ ၂၅ ရက်နေ့သည် အမြင့်ဆုံးပင် ဖြစ်သည်။

37933C13-95AE-4900-8AD4-062BCAEB8011.jpg

ထို့အတူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခဲ့သောကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့သည့်  ဧပြီ ၁၁ ရက်တွင်လည်း တယ်လီဂရမ်ချန်နယ်များ၌ အမုန်းစကား၊ ဝါဒဖြန့်မှုများကို အများဆုံး ဖြန့်ဝေခဲ့သည်ကို တွေ့ရှိရသည်။

အမုန်းစကား၊ ဝါဒဖြန့်မှုများကို အများဆုံး ဖြန့်ဝေခဲ့သည့်ထဲတွင် လေကြောင်းတိုက်ခိုက်ခံမှုအပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသသည့်အနေဖြင့် အနက်ရောင် ပရိုဖိုင်း ချိန်းထားသည့် ပြည်သူများ၏ ဓာတ်ပုံ၊ နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်လက်အပြည့်စုံများကို တင်ပြီး ဖမ်းဆီးရန် လှုံ့ဆော်သည့် ပိုစ့်များလည်း ပါဝင်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ် ဦးဆောင်ကျင်းပခဲ့သည့် သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ ၎င်းတို့ကို ဆန့်ကျင်သည့် အရေးအသားများ ရေးသားခဲ့သည့် ပြည်သူများ၏ ဓာတ်ပုံ၊ နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်လက် အပြည့်အစုံများကိုတယ်လီဂရမ်ချန်နယ်များတွင် တင်ပြီး ဖမ်းဆီးရန် လှုံ့ဆော်သည့် ပိုစ့်များလည်း အများဆုံး တင်ခဲ့ကြသည်။

D9C07F2B-F72C-491A-82F3-8AC642444F28.jpg

 

ခြိမ်းခြောက်ခံရပြီးနောက် ဖမ်းဆီးခံရမှု

*************************

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ ၄ လအတွင်း တယ်လီဂရမ်ချယ်နယ်များတွင် အမျိုးသား ၃၁၂ ဦး ၊အမျိုးသမီး ၃၅၄ ဦး၊ လိင်စိတ်ခံယူမှုကွဲပြားသူ ခြောက်ဦး စုစုပေါင်း ၆၇၂ ဦးကို ဖမ်းဆီးရန် ခြိမ်းခြောက်ခံခဲ့ရသည်ဟု  အမုန်းစကား၊ ဝါဒဖြန့်မှုများနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေသည့် အဖွဲ့များ၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ဖမ်းဆီးရန် ခြိမ်းခြောက်ခံခဲ့ရသည့် ၆၇၂ ဦးထဲမှ အမျိုးသား ၂၈၃ ဦး ၊ အမျိုးသမီး ၁၂၀ ဦး၊ လိင်စိတ်ခံယူမှုကွဲပြားသူ တစ်ဦး စုစုပေါင်း ၄၀၄ ဦးဖ မ်းဆီးခံခဲ့ရသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

ပဇီကြီးကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည့်အတွက် သတင်းစာဆရာ ဦးကျော်မင်းဆွေနှင့် သရုပ်ဆောင် မေပန်းချီ၊ မြတ်သူသူ၊ အဆိုတော် ရွှေရည်သိန်းတန်၊ မေလသံစဉ်တို့ကိုလည်းဖမ်းဆီးရန် တယ်လီဂရမ်ချန်နယ်များမှ လှုံ့ဆော်ကာ သုံးရက်အတွင်း ဖမ်းဆီး၍ ပုဒ်မ ၅၀၅ – က ဖြင့် စစ်ကောင်စီက အမှုဖွင့် အရေးယူခဲ့သည်။

ထို့နောက် သရုပ်ဆောင် မေပန်းချီကို အင်းစိန်အကျဉ်းထောင်တွင်း စစ်ခုံရုံးက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ပုဒ်မ၅၀၅ (က) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။

ထို့အတူ လျှပ်စစ်မီး မှန်အောင် မပေးနိုင်သည့်အတွက် ဖေ့စ်ဘွတ်စာမျက်နှာမှ ရုပ်သံလွှင့်ပြီး စစ်ခေါင်းဆောင်နှင့်လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ဟစ်ဟော့ အဆိုတော် ဗျူဟာကိုလည်း ဖမ်းဆီးရန် တယ်လီဂရမ်တွင် စတင် လှုံ့ဆော်ပြီးနောက် စစ်ကောင်စီက ယခုနှစ် မေလ ၂၄ ရက်တွင်ပင် ချက်ချင်း ဖမ်းဆီးခဲ့သည်။

ထို့နောက် ၎င်းကို မြောက်ဒဂုံမြို့နယ် တရားရုံးတွင် နိုင်ငံရေး ပုဒ်မ ၅၀၅–က ဖြင့် အမှုဖွင့် အရေးယူမှုများလုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီ၏ လုပ်ရပ်များကို ဝေဖန်ခဲ့ကြသည့် ထင်ပေါ်ကျော်ကြားသူ သို့တည်းမဟုတ် လူသိများသူများကို ထို့ကဲ့သို့ ဖမ်းဆီးလုပ်ဆောင်ခြင်းများ စစ်ကောင်စီက ပြုလုပ်နေခြင်းသည် ပြည်သူလူထု အကြောက်တရား ပိုမို မြင့်တက်လာအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

စစ်ကောင်စီ လက်အောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ဖမ်းဆီးရန် လှုံ့ဆော်ခံခဲ့ရသော်လည်း အမြန်ဆုံးရှောင်တိမ်းခဲ့မှုကြောင့် ၎င်းတို့၏ လက်မှ လွတ်မြောက်ခဲ့သူ အချို့လည်း ရှိသည်။ သို့သော် ထိုသူများမှာ ယခုအချိန်အထိ စိတ်ပိုင်းဆိုင်ရာ မလုံခြုံသည့် အခြေအနေများဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု တစ်ဦးအပါအဝင် ဖြစ်ခဲ့သည့် မသီရီက ဆိုသည်။

၎င်းက” စိတ်ပိုင်းဆိုင်ရာကတော့ ဖေ့စ်ဘွတ်မှာ မလွတ်မကင်း စာမျိုး တင်ဖို့တောင် မပြောနဲ့၊ မ share ရဲတော့တာ၊အလုပ်ကို တစ်ပတ်လောက်နေပြီး ပြန်သွားတော့လည်း နောက်ကြောမလုံ၊ သူများနဲ့ စကားပြောရင်တောင် အမှားပါသွားမှာ ကြောက်နေရတာ” ဟု ပြောသည်။

ပြည်သူများအနေဖြင့် ၎င်းတို့ ဖြန့်ဝေနေသည့် အချက်အလက်များသည် လုပ်ကြံဝါဒ ဖြန့်နေမှန်း သိရှိလာလျှင်ကြုံတွေ့နေရသည့် အခြေအနေများကို ကျော်လွှားနိုင်လိမ့်မည်ဟု လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

“ပြည်သူတွေရဲ့ အကြောက်တရား ကြီးထွားလာဖို့အတွက် သူတို့က ဒီနည်းလမ်းကို အမြဲသုံးနေမှာပဲ။ တချို့အချက်အလက်တွေက မှန်တစ်ဝက်၊ မှားတစ်ဝက် ဖြစ်နေနိုင်တယ်။ လူထုအနေနဲ့ကတော့ ဒါတွေကို သိထားပြီးရင်၊စကစရဲ့ ရည်ရွယ်ချက်ကို သိလာရင်၊ အချက်အလက်တွေက လုပ်ကြံဝါဒ ဖြန့်နေမှန်း သိလာရင် တချို့ အရာတွေကို ကျော်လွှားနိုင်ပါလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ကတော့ ဒါတွေကို အမြဲတမ်း ပြောဆိုနေဖို့ လိုပါတယ်” ဟု၎င်းက ဆိုသည်။

မတရား သိမ်းယူထားသည့် အာဏာတည်မြဲရေးအတွက် ပြည်သူများကို အကြောက်တရား သွတ်သွင်းသည့် ပုံစံများသည် မြန်မာအတိတ်သမိုင်းအဆက်ဆက် စစ်အာဏာရှင်များ လက်ကိုင်ကျင့်သုံးသည့် ပုံစံတူများပင်ဖြစ်သည်။

ပုံစံတူသော်ငြားလည်း ၂၁ ရာစု စစ်အာဏာရှင်က ပြည်သူများကို အကြောက်တရား သွတ်သွင်းနိုင်ရေးအတွက်လူမှုကွန်ရက်ပလက်ဖောင်းများထက်တွင် ၎င်းတို့၏ ဝါဒဖြန့်ချိရေးဆဲလ် (သို့တည်းမဟုတ်) ဝါဒဖြန့်ချိရေး တပ်ဖွဲ့ဝင်များကို ပို၍ ဖြန့်ကျက်ထားနိုင်သည်။

ဖေ့စ်ဘွတ်ကဲ့သို့သော ပလက်ဖောင်းတချို့ကိုသာလျှင် စစ်ကောင်စီ၏ အမုန်းစကား၊ ဝါဒဖြန့်ချိရေး ဆက်လက် မလုပ်ဆောင်နိုင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်သော်လည်း တခြားသော ပလက်ဖောင်းများတွင် ၎င်းတို့၏ ဝါဒဖြန့်ချိရေးဆဲလ် (သို့မဟုတ်) ဝါဒဖြန့်ချိရေးတပ်ဖွဲ့ဝင်များက ပြည်သူများအပေါ် အကြောက်တရား သွတ်သွင်းနေမှုမှာအားကောင်းနေဆဲဖြစ်သည်။

မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် စစ်ကောင်စီ၏ မှားယွင်းသည့် လုပ်ရပ်များအပေါ် ထုတ်ဖော်ပြောဆိုခွင့်ပင် မပြုဘဲ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ကာ ဖိနှိပ် အကြောက်တရားသွတ်နေမှုများကို ပြည်သူလူထုက မတားဆီးနိုင်သရွေ့ မသီရိကဲ့သို့ပင် နေ့စဉ်ဘဝကို အကြောက်တရားဖြင့် ဖြတ်သန်းနေကြရဦးမည်မှာ ဧကန်ပင်ဖြစ်သည်။

*********************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1440

YouTube -> https://youtu.be/9ijGcDu-6fE

Website -> https://thanlwinkhet.net/?p=5096

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleThe Brand New Rules Of Setting Up
Next Article ဒီးမော့ဆိုအနောက်ဘက်ခြမ်းတွင် စစ်ရှောင်ကလေးများအတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆောက်လုပ်
thanlwinkhet
  • Website

Related Posts

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁

August 29, 2025

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

Leave A Reply Cancel Reply

Recent Posts

  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

September 14, 2025

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

September 13, 2025

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

September 13, 2025

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

September 13, 2025

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.