• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လက်ခတ်တောင်ပြန်ရဖို့ စစ်ကောင်စီ ၁၀ ကြိမ်ထိုးစစ်ဆင် ၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံး
တိုက်ပွဲသတင်း

လက်ခတ်တောင်ပြန်ရဖို့ စစ်ကောင်စီ ၁၀ ကြိမ်ထိုးစစ်ဆင် ၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံး

thanlwinkhetBy thanlwinkhetAugust 14, 2023Updated:August 18, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လက်ခတ်တောင်ပြန်ရဖို့ စစ်ကောင်စီ ၁၀ ကြိမ်ထိုးစစ်ဆင်၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံး

အင်အားအလုံးအရင်းနဲ့ထိုးစစ်လာတာဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေဟာ အကျအဆုံးများစွာနဲ့ ပြန်လည် ဆုတ်ခွာခဲ့ကြရပြီး အခုထိတောင်ခြေကို မကပ်နိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူးဗိုလ်ဒါဘောက ပြောပါ တယ်။

ထိုင်း-ကရင်နယ်စပ် မြဝတီမြို့အနီးရှိ လက်ခတ်တောင်ကို KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေက ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ် ထိုးစစ်ပြန်ဆင် နေတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်ဆင်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းရဲ့ စစ်ဆင်ရေးမှူး ဗိုလ်ဒါ ဘော က အခုလိုပြောပါတယ်။

” လက်ခတ်တောင်ကို ကျွန်တော်တို့သိမ်းယူပြီးတဲ့နောက်ပိုင်းပေါ့နော် ။ အင်အားအလုံးအရင်းနဲ့ ပြန်ပြီးထိုးစစ်ဆင် လာတာက ၁၀ ကြိမ်ရှိပြီ ။ ဒါပေမယ့် သူတို့က အကျအဆုံးများစွာနဲ့ပဲ ပြန်လည်ဆုတ်ခွာနေရပြီး အခုချိန်ထိတော့ တောင်ခြေကို သူတို့မကပ်နိုင်သေးဘူးပေါ့ ”

လက်ခတ်တောင်ကိုပြန်ရဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းအထိ တပြိုင်နက်တည်း ထိုးစစ်ဆင်တာ တွေပြုလုပ်ခဲ့တာမျိုးရှိပြီး စုစုပေါင်း အင်အားကတော့ ခန့်မှန်း ၆၀၀ လောက်ရှိတယ်လို့ ဗိုလ်ဒါဘောကပြောပါ တယ်။ ထိုးစစ်တွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံးသလို ၃၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတချို့ကိုလည်း ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ က ဒု-တပ်ကြပ် ဇော်မျိုးခိုင် ၃၆ နှစ် နဲ့ တပ်သား အောင်မျိုးဇော် ၂၃ နှစ် တို့ဟာ 60 mm ကွန်မန်ဒို စိန်ပြောင်း (၁) လက် ၊ 60mm ကျည် (၅) လုံး ၊ MA-2 (၁) လက် ၊ ကျည်ဘောက် (၅) ဘောက် ၊ MA-2 ကျည် (၁၅၀) တောင့်တို့နဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

လက်ခတ်တောင်ကိုပြန်ရဖို့ စစ်ကောင်စီတပ်တွေအပြင် BGF တပ်တွေကိုလည်း အင်အားအလုံးအရင်း ဖြည့်တင်း ထားတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့် ထိုးစစ်တွေအတွင်း BGF တပ်တွေ ထဲထဲဝင်ဝင်ပါလာတာမျိုးမရှိ ဘူး လို့ ဗိုလ်ဒါဘော ကပြောပါတယ်။

” BGF တွေကတော့ ပုံမှန်အတိုင်းပဲပေါ့။ နယ်ခြားစောင့်တပ်ဆိုတော့ နယ်စပ်မှာဖြစ်နေတဲ့ စစ်ဆင်ရေးဆိုတော့ သူ တို့ပါဝင်မှုတွေရှိတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင်နဲ့ ပေါ်ပေါ်တင်တင်ကြီးတော့ တက်လာတာမျိုးမရှိဘူး ။ အဓိက စစ် ကောင်စီ စတက်တယ်။ သူတို့ကနောက်ဆုံးနားကနေပြီးတော့ လက်နက်ကြီးကူပစ်ပေးတာတို့ ၊ လမ်းပြတာတို့ လောက်တော့ တွေ့ရတယ် “လို့ သူကပြောပါတယ်။

ထိုးစစ်တွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ အချက်ရေ ၇၀၀ ကျော်အထိပစ်ခတ်ခဲ့ပြီး ပူးပေါင်း တပ်ဘက်က ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ရဲဘော် ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ရသလို နောက်ထပ် ပြည်သူ ၁ ဦးလည်းဒဏ်ရာရရှိခဲ့ပြီး သာသနာပိုင်အဆောက်အအုံ ၅ လုံးပျက်စီးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ မှတ်တမ်း တွေအရ သိရပါတယ်။

ပုံစာ – လက်ခတ်တောင် ၊ တာဝါတိုင်စခန်းကုန်းအား ပူးပေါင်းတပ်များသိမ်းပိုက်ချိန်တွင် ရရှိခဲ့သည့် လက်နက် ၊ ခဲယမ်း ၊ ပစ္စည်းများ ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကိုယ်‌ဝန်ဆောင်အမျိုးသမီးကို သတ်သွားသူများအား အမြင့်ဆုံးသေဒဏ်ချမှတ်ပေးရန် တောင်းဆို
Next Article နွေဦးတော်လှန်ရေးသမိုင်းထဲက သာသနာ့သူရဲကောင်းများ
thanlwinkhet
  • Website

Related Posts

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

May 23, 2025

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.