Headlines

ခလရ ၂၆၄ ရန် နှင့် လေကြောင်းရန်ကြောင့် ကျောက်ကြီးဒေသခံ ကလေးငယ်များ ပုန်းလျှိုးကွယ်လျှိုး ပညာသင်ကြားရ

ကေအန်ယူ တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီး (လယ်ဒို) မြို့နယ်အတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံကလေးငယ်များသည် ပုံမှန်စာသင်ကျောင်းများတွင် မသင်ကြားရဲဘဲ တောတောင်များအတွင်းရှိ ဗုံးခိုကျင်းများ၌ ပုန်းလျှိုးကွယ်လျှိုး ပညာသင်ကြားနေရကြောင်း သိရသည်။ စစ်ကော်မရှင်၏ ခလရ (၂၆၄) တပ်ရင်းသည် ကျောက်ကြီးမြို့နယ်အတွင်းသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် နေ့ညမပြတ် ပစ်ခတ်နေသည့်အပြင် ကျေးရွာများကို နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံများသည် နေအိမ်များတွင် မနေရဲတော့ဘဲ တောတောင်များအတွင်း စစ်ဘေးရှောင်နေကြရသည်။ “ကျွန်တော်တို့ ရွာတွေထဲမှာ လေကြောင်းအန္တရာယ်က နေ့တိုင်းလိုလို ပျံသန်းသွားလာနေတာ။ နီးစပ်ရာတွေကိုလည်း ပစ်ချတော့ နေလို့ထိုင်လို့ မရဘူး။ အဲဒါကြောင့် ဒီလိုဗုံးခိုကျင်းလေးတွေ လုပ်ပြီး ခိုကပ်နေရတယ်။ ဟိုဘက်ကပစ်ရင် ဒီဘက်ပြေး၊ ဒီဘက်ကပစ်ရင် ဟိုဘက်ပြေးရတာပဲ” ဟု…

Read Full News

မဲဆောက်တွင် “ Pride of Top 10 % Event ” အခမ်းအနား ကျင်းပ

ကမ္ဘာလုံးဆိုင်ရာ Pride Month ကို ဂုဏ်ပြုသောအားဖြင့် လိင်စိတ်ကွဲပြားသူ (LGBTQ+) အသိုက်အဝန်း၏ ဖြစ်တည်မှုကို ထုတ်ဖော်ပြသပြီး ပျော်ရွှင်မှု၊ အသိပညာနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ကုစားမှုများ ရရှိစေမည့် “Pride of Top Ten Percent Event” အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို Jue Jue’s Safe Space၊ Kings N Queens နှင့် Myanmar Rainbow Political Community (MRPC) တို့ ပူးပေါင်းကာ ဇွန်လ ၂၇ ရက် ညနေပိုင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ #မဲဆောက် #PrideofTop10%Event #ThanLwinKhetNews

Read Full News