Month: July 2025

ခင်သရဖီဦး ရခိုင်ပြည်နယ်က အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ  အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်မှုနဲ့ အဓမ္မပြုကျင့်ဖို့ ကြိုတင်ကြံစည်မှုတွေ ဆက်တိုက် ကြုံတွေ့နေရပါတယ်။  အသက် ၆ နှစ်၊ ၇ နှစ်ခန့်သာ ရှိသေးတဲ့ မိန်းကလေးငယ်တွေနဲ့ ဆယ်ကျော်အသက်အရွယ် မိန်းကလေးငယ်တွေကို အဓမ္မကျင့်ပြုတာက သက်ငယ်မုဒိန်းမှုဖြစ်ပါတယ်။  ဒီလို မိန်းကလေးငယ်တွေကို…

Read More

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း-မူဆယ် လမ်းပိုင်း ခရီးသွားလာခွင့်ကို TNLA မှ ယာယီပိတ်ထား‌သည်ဟု သိရသည်။ ယနေ့ ဇူလိုင် ၃၁ မနက်ပိုင်းမှစပြီး မူဆယ် – နမ့်ခမ်းလမ်းအား ခရီးသွားလာခွင့်ကို ယာယီပိတ်ထားခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက သံလွင်ခက်ကို အတည်ပြုပြောသည်။ “မနေ့ညက အုပ်ချုပ်ရေး…

Read More

အတင်းအဓမ္မ စစ်သား စုဆောင်းခံရသူ တစ်ဦးသည် ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ် အခြေစိုက် တပ်မတော်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံသင်တန်းကျောင်း (တကန) တွင် ညလုံးပေါက် ရိုက်နှက်ခံရသောကြောင့် သေဆုံးသွားသည်ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ၏ ဇူလိုင် ၂၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။ တပ်တွင်း သတင်းရင်းမြစ်၏ ပြောဆိုမှုအား…

Read More

ခင်သရဖီဦး စစ်ကောင်စီ၏ စစ်တွေ တပ်ရင်းများမှနေ၍ ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ဇူလိုင်လ ၂၇ ရက်မှ စတင်ကာ ထိုသို့ ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။ ပေါက်တောဒေသခံ အသက် ၂၃ နှစ်အရွယ် ‌အမျိုးသားတစ်ဦးက “အခုတလော ညဘက်ဆိုရင် လက်နက်ငယ်အသံတွေရော၊…

Read More

နိုနို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဇူလိုင်လ ၂၈ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်သုံးယာဉ်များဖြင့် စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ ၆ ရွာမှ ပြည်သူများ စစ်ဘေးရှောင်ခဲ့ရသည်။ ၎င်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စစ်တပ်သား ၂၀၀ခန့်မှာ တင့်ကား နှစ်စီး၊ သံချပ်ကာကား နှစ်စီးနှင့်အတူ ပုဂံမြို့ဟောင်းတောင်ဘက်ခြမ်းရှိ ဂန့်ဂါ(အာဏာသိမ်းကာလအတွင်း ခေါ်ဝေါ်သည့်…

Read More

အလုပ်သမားအခွင့်အရေး ကူညီဆောင်ရွက်ပေးသူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးပြီး သုံးရက်အကြာတွင် ၎င်း၏ သမီးဖြစ်သူနှင့် သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) အဖွဲ့ဝင် ခြောက်ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။ ရန်ကုန်မြို့၊ ရွေ့ပြည်သာမြို့နယ်ရှိ STUM ရုံးကို စစ်ကောင်စီက ယမန်နေ့ ဇူလိုင် ၂၈ ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်ဟု အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများက…

Read More

ခင်သရဖီဦး ရခိုင်ပြည်နယ်တွင် ယခင်ရက်ပိုင်းမှစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေ မြင့်တက်လာပြီး ကျေးရွာ ၁၆ ရွာရေထပ်မံ နစ်မြုပ်‌နေသည်ဟု ဒေသခံများထံမှ သိရသည်။ မင်းပြားမြို့နယ်ရှိ လက်ခုတ်ကျေးရွာ၊ မြင်းတင်မ၊ ဒုံသား၊ တံခွန်တိုင်၊ ချင်းဆိပ်၊ တောတန်း၊ သာစည်၊ ချောင်းတို၊ ကပွဲ့၊ ပုလဲတောင်၊ ဝါးတောင်၊ အသေကာလ၊ မင်းဖူး၊…

Read More

 ခင်သရဖီဦး  ရခိုင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေများတွင် စစ်ကောင်စီ၏ ကုန်လမ်း၊ ရေလမ်း ပိတ်ဆို့မှုကြောင့် ရပ်နားထားခဲ့ရသည့် ငါး၊ ပုစွန်ဈေးကွက်မှာ ယခုနှစ် ဇွန်လမှ စ၍ အိန္ဒိယဘက်မှ ပြန်လည် ဝယ်ယူမှုများရှိလာသည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ပြီး ကုန်လမ်း၊ ရေလမ်းပိတ်ဆို့မှုများနှင့်အတူ ငါး၊ ပုစွန်ရောင်းဝယ်ရေး…

Read More

ယမန်နေ့ ညသန်းခေါင်မှစ၍ အပစ်ရပ်စဲရန် သဘောတူထားသည်ကို ကမ္ဘောဒီးယားက ချိုးဖောက်ခဲ့သည်ဟု ထိုင်းက စွပ်စွဲခဲ့ပြီး နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု နိုင်ငံတကာသတင်းဖော်ပြချက်များအရ သိရသည်။ တော်ဝင်ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်းထိုင်း ဆူဗာရီးက ကမ္ဘောဒီးယားသည် တစ်ညတာအတွင်း ထိုင်းပိုင်နက် “နေရာများစွာကို” တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းက ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားက “သဘောတူညီချက်ကို…

Read More

ခင်သရဖီဦး စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထားခြင်းကြောင့် အခြေခံစားသောက်ကုန်အပါအဝင် ကုန်စျေးနှုန်း အဆမတန်မြင့်နေသည့် ရခိုင်တွင် ခိုးမှု၊ လုယက်မှုများ ယခင်ကထက် ပိုများလာသည်ဟု သိရသည်။ လက်ရှိတွင် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားပြီး အရပ်သားပြည်သူများ ပုံမှန်နေထိုင်မှုမရှိသေးသည့် မြို့များတွင် စားဝတ်နေရေးကြပ်တည်းပြီး ငတ်မွတ်သူများလာကာ ခိုးမှု၊ လုယက်မှုများ ပိုရှိနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈…

Read More