ခင်သရဖီဦး ကမ္ဘာတစ်ဝန်းလုံး၌ နှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည့် ယနေ့တွင် စစ်တပ်က သံတွဲမြို့အား လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ ည ၇ နာရီ ၂၈ မိနစ်အချိန်တွင် သံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ဗုံးနှစ်လုံး…
Month: December 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ယနေ့ (ဒီဇင်ဘာ ၃၁) နှစ်သစ်ကူးအကြိုနေ့တွင် မြို့နေလူထုအားလုံးနီးပါး စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။ ဒီဇင်ဘာ ၂၈ ညနေပိုင်းမှစတင်ကာ တော်လှန်ရေးတပ်များက ကသာမြို့ရှိ အာဏာသိမ်းစစ်အုပ်စုစခန်းများကို ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့အဝင်ရှိ ပတ္တမြားကုန်းစစ်တပ်အထိုင်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ “တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တိုက်ပွဲဖြစ်တော့…
ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် ယမန်နေ့ညက အလှူလုပ်ရန်သွားသည့်ကား တိမ်းမှောက်ပြီး လိုက်ပါလာသည့် မြန်မာ ၆ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ ယာဥ်မောင်းအပါအဝင် မြန်မာ ၁၃ ဦး လိုက်ပါလာသည့် ပစ်ကပ်ကား(Pickup Truck)တစ်စီးသည် မြေအောက်လှိုဏ်ခေါင်းတစ်ခု အနီးတွင် ရုတ်တရက် ညာဘက်သို့ ကွေ့လိုက်သဖြင့် ဘရိတ်အုပ်ချိန်မမီဘဲ အကာအရံများကို…
သျှင်မြတ်ဖြူ ရခိုင်ပြည်၊ ငပလီမြို့တွင် စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အပျက်အစီးများအောက်၁၂ နာရီကြာ ပိတ်မိနေခဲ့သည့် အသက် ၃ နှစ်မပြည့်သေးသော ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈ နာရီခန့်က လင်းသာရပ်ကွက်ရှိ နေအိမ်များပေါ်သို့…
ခင်သရဖီဦး သံတွဲမြို့နယ်၊ ငပလီမြို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံများမှာ ဆေးဝါးကုသမှုခံယူရန် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု အကူအညီပေးနေသူများထံမှ သိရသည်။ ထိုသို့ အခက်အခဲဖြစ်နေသူများအတွက် ပြည်တွင်းပြည်ပရှိ အလှူရှင်များထံမှ အလှူငွေများ ကောက်ခံသွားမည်ဖြစ်ကြောင်း ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့မှ ကိုသက်လွင်ဖြိုးက ပြောသည်။ “ကျွန်တော်တို့ ပြည်တွင်းပြည်ပက အလှူငွေတွေကို ဇန်နဝါရီလ…
ခင်သရဖီဦး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် သံတွဲမြို့နယ်၊ ငပလီမြို့တွင် နေအိမ်တစ်လုံးကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တီဗီကြည့်နေစဉ်ဖြစ်သည့်အတွက် ကလေးငယ်များအပါအဝင် ဒေသခံ ၉ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးနောက် မြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေသည်ဟု ဒေသခံများက ဆိုကြသည်။ စစ်ကောင်စီသည် ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ လုံခြုံရေးအင်အား အလုံးအရင်းဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၂၉ တွင်လည်း လက်နက်ကြီးသံများ ဆက်လက်ကြားနေရခြင်းဖြစ်သည်။ စစ်တွေမြို့မှ အသက်…
ခင်သရဖီဦး ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် အာဏာသိမ်းစစ်တပ်က ကုန်လမ်း၊ ရေလမ်းများကို နှစ်နှင့်ချီ ကြာမြင့်စွာ ပိတ်ဆို့ထားမှုကြောင့် အခြေခံလူတန်းစားများမှာ အလုပ်အကိုင် ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခြင်းဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်ဟု မြို့ခံများထံမှ သိရသည်။ မြို့အား ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ထားသည်မှာ ၂ နှစ်ကျော်ရှိပြီဖြစ်၍…
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်နေ့၌ ဆုတောင်းဝတ်ပြုနေသည့် နိုင်ငံရေးအကျဉ်းသူများကို ထောင်အာဏာပိုင်များက ဝင်ရောက်ရိုက်နှက်ခဲ့ပြီး အကျဉ်းသူ ၁၅ ဦးကို တိုက်ပိတ်ကာ ထောင်ဝင်စာပိတ်ပင်ခံရမှုများရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အဖွဲ့ ၄ ဖွဲ့က ယနေ့ ထုတ်ပြန်အသိပေးသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) တွင် အမျိုးသမီးဆောင်၌…
မူယန်း စစ်ကော်မရှင်က ရွေးကောက်ပွဲ လုံခြုံရေးအကြောင်းပြချက်ဖြင့် ကရင်နီပြည်နယ်သို့ ဝင်ရောက်ရာ ကုန်သွယ်ရေးလမ်းကြောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့လိုက်သဖြင့် ဒေသတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း ကုန်တင်ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းမှစတင်ကာ အာဏာသိမ်းစစ်တပ်က တောင်ငူဘက်မှ ဝင်ရောက်လာသည့် လမ်းတစ်ကြောလုံးကို…