စကားမောင် ဇူလိုင် ၅၊ ၂၀၂၄။ မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် ယခုရက်သတ္တတပတ်အတွင်း တိုက်ပွဲများကြောင့် မိုးကုတ်-မန္တလေးကား လမ်းပိတ်ထားသည့်အတွက် စားသောက်ကုန်နှင့် စက်သုံးဆီဈေးများမြင့်တက်လျက်ရှိပြီး အလုအယက်ဝယ်ယူနေရသည်ဟု မိုးကုတ်မြို့ ဒေသခံများထံမှ သိရသည်။ “ဈေးဆိုင်သိပ်မရှိဘူးရှင့်၊ ဈေးဆိုင်တွေ ဖွင့်ပေးတော့ အကုန်လုံးကအလုအယက်ဝယ်ကြတယ်။ အဲ့တော့ ရောင်းကုန်တဲ့ဈေးဆိုင်တွေက ပိတ်ထားတယ်” ဟု မိုးကုတ်မြို့၊ ရွှေဘုံသာရပ်ကွက်နေအမျိုးသမီးတစ်ဦးက…