Month: March 2023

Loading

မြေပြင်မှာ ပြုတ်ကျနေသည့် စားလက်စ စတီးဇလုံထဲက ထမင်းကြမ်းခဲဟာ သွေးတွေ အလိမ်းလိမ်းထ ပေကျံလို့ နေသည်။ ထိုစတီးဇလုံဘေးမှာတော့ သွေးအိုင်ငယ်တစ်ခုနှင့် သွေးတွေ စွန်းထင်ကျန်ရစ်နေသည့် ဖိနပ်တစ်ရံလည်း ရှိလို့နေသည်။ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း တစ်နေရာရှိ စစ်ရှောင် မိသားစုဝင် ငါးဦး နေထိုင်သည့် နေအိမ် တစ်ခုကို လက်နက်ကြီးထိမှန်ပြီးနောက် မြင်တွေ့ရသော…

Read More

Loading

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကားကြီးဝန်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည်ဟုဒေသခံများထံမှသိရသည်။ ဖားကန့်မြို့ ကားကြီးဝန်း ရွှေစည်းစိမ်ကဖေး အရှေ့တွင် ယမန်နေ့ မတ်လ ၄ရက် ညနေပိုင်းတွင် အမျိုးသားတစ်ဦးကို မည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ” ခေါင်းကိုအပစ်ခံလိုက်ရတာ။ ဘယ်အဖွဲ့အစည်းကပစ်တယ်တော့မသိဘူး ။ စကစ ကတော့စစ်ဆေးနေတာတွေ့ရတယ် “ဟု ဒေသခံတစ်ဦးကသံလွင်ခက်ကိုပြောသည်။ သေနတ်ဖြင့်အပစ်ခံရသူသည် ကိုအောင်နိုင်…

Read More

Loading

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ် ၃ ရက်နေ့ထိ စစ်ကောင်စီတပ်၏စစ်ကြောင်းထိုးမီးရှို့မှုကြောင့် အဘွားအိုနှစ်ဦး၊ အဘိုးအိုတစ်ဦး အပါအဝင် ဒေသခံပြည်သူ ၂၀ ခန့်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အဘွားအိုနှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးမီးရှို့စဉ် နေအိမ်တွင် ကျန်ရစ်ခဲ့ရာမှ မီးလောင်သေဆုံးခဲ့ရပြီး မုဆိုးခြုံကျေးရွာက အသက် ၆၂…

Read More

Loading

ပြီးခဲ့သော ဖေဖော်ဝါရီလတွင် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၄၅ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရခဲ့သည်ဟု ယနေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကသတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက်၃၄  လက်၊ နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌စစ်ကောင်စီတပ်သည် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီကုန်းပေါ်နှင့် မြို့ဘေးပတ်ဝန်းကျင်ရှိ  အနီးတဝိုက်ကျေးရွာများအတွင်း…

Read More

Loading

စစ်ကောင်စီတပ် ယာဥ်တန်းလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကသတင်းထုတ်ပြန်သည်။ ယမန်နေ့မတ်လ ၃ ရက် ၊နံနက် ၅း၁၀ နာရီအချိန်တွင် KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမဘေးတစ်နေရာတွင် စစ်ကောင်စီတပ်ယာဥ်တန်းအတွက် လုံခြုံရေးပေးရန် ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်ဖွဲ့အား KRF…

Read More

Loading

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့်ပြည်သူတစ်ထောင်ကျော် စစ်ဘေးရှောင်ထွက်ပြေးနေရပြီး ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု ဖျက်ဆီးခံခဲ့ရသည်ဟုသိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူ ခရိုင်တပ်ရင်း(အမှတ်-၁၈)မှ ဆိုင်ကယ်သုံးစီး၊ဒရုန်း တစ်စီး၊မိုင်းဆက်စပ်ပစ္စည်းများ၊လက်နက်ထုတ်လုပ်ရာစခန်းနှင့် အထိုင်စခန်းအား မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ပေါက်တောင်ပိုင်းပြောက်ကျားတပ် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်အောင်နိုင်က သံလွင်ခက်ကိုပြောသည်။ “ပစ္စည်းဖွက်ထားတဲ့နေရာတွေပါ လိုက်ရှာပြီး မီးရှို့သွားတာ ဆုံးရှုံးမှုတန်ဖိုးကို သေချာမတွက်နိုင်သေးဘူး”ဟု ၎င်းကပြောသည်။ ပေါက်မြို့နယ် ကင်းမရွာသို့ဦးတည်လာသည့်…

Read More

Loading

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။ ဖေဖော်ဝါရီ ၂၆ ရက်မှစပြီး အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ကလေးဝဘက်မှတစ်ဆင့်ကလေးဝ – ယာကြီးလမ်းအတိုင်း ယနေ့ထိ မင်းကင်းဒေသဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ အဆိုပါ စစ်ကြောင်းတစ်လျှောက်ရှိ စခန်းကြီး၊…

Read More

Loading

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယနေ့နံနက်အစော ပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး ခရီးသည်တချို့သေဆုံးခဲ့ရာတွင် ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံပါဝင်ခဲ့သည်ဟု သိရသည်။ ယနေ့နံနက်အစောပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်း ၁၆၇မိုင်တွင် ဒို့ညီနောင်ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၃ဦးသေဆုံး၍ ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသိရှိရသည်။ သေဆုံးသူများတွင် ရိုးရာလက်ဝှေ့မြည်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံပါဝင်ခဲ့သည်ဟု လက်ဝှေ့အသိုင်းအဝိုင်းမှသိရသည်။ “…

Read More

Loading

ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် စစ်တိုင်းနှင့်စစ်ဒေသ (၃) ခုလုံးရှိ PDF တပ်ရင်းများ၊ ပကဖများ၊ LDF များ လက်တွဲပါဝင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်တပြိုင်နက်တည်း ဟန်ချက်ညီစစ်ဆင်မှု အကြိမ် ၇၀ တိတိ ဖော်ဆောင် နိုင်ခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောသည်။ တိုက်ပွဲဖော်ဆောင်ရာ ဒေသများအဖြစ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊…

Read More

Loading

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စုရှိ ရှရော်ခရွာထဲသို့ သေနတ်များပစ်ဖောက်ဝင်‌ရောက်လာသည့် စစ်ကောင်စီစစ်‌ကြောင်းက ဖမ်းဆီးသွားသောဒေသခံ ၁၃၅ ဦး ပြန်လည်လွတ်မြောက်လာပြီဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်ရက် မတ်လ ၁ ရက်နေ့ ညနေ၃ နာရီခန့်တွင်စစ်ကောင်စီတပ်မ ၃၃ လက်အောက်ခံ အင်အား ၅၀ကျော်ပါ စစ်ကြောင်းသည် ရှရော်ခရွာထဲသို့ သေနတ်များပစ်ဖောက် ဝင်ရောက်လာပြီး ပြည်သူ…

Read More