စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် အမျိုးသားတစ်ဦးကျည်ထိမှန် သေဆုံးခဲ့ရပြီး ဒေသခံ ခြောက်ဦး အဖမ်းခံထားရသည်ဟု ဒေသခံများက ပြောသည်။ ယင်းမာပင်မြို့နယ် ကျေးစာကျ ကျေးရွာသို့ ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသော တပ်မ၇၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ထိပ်တိုက်တွေ့သည့်ဒေသခံအမျိုးသားတစ်ဦးသေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းမာပင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။…