Year: 2023

Loading

သံလွင်ခက်။ ဧပြီ ၁ ၊ ၂၀၂၂။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံးနှင့် မြို့နယ်ရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ မတ်လ ၃၁ ရက် ည ၁၁ နာရီကျော်အချိန် တွင် အဆိုပါရုံးနှစ်ရုံး  ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက…

Read More

Loading

သံလွင်ခက် ဧပြီ ၁၊ ၂၀၂၃။ ကချင်ပြည်နယ်၊ မံစီမြိုနယ်ရှိ သံတံတားကျေးရွာတွင် မတ်လ ၃၀ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် ခြေလျင်တပ်ရင်း ခလရ…

Read More

Loading

ဘိုဟန်၊ စောစမစ် ထန်ချွန်းဖေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် မင်းတပ်ရဲ့ မဲဆန္ဒနယ်အမှတ် (၁) အတွက် ယှဉ်ပြိုင်ခဲ့ရာမှာ  အနိုင်ရခဲ့ပါတယ်။ ပုံမှန်အတိုင်းဆို သူဟာ ပြည်နယ်လွှတ်တော်မှာ အမတ်တစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့်  အာဏာသိမ်းမှုနဲ့ကြုံပြီး အသက် ၃၄ နှစ်အရွယ် ထန်ချွန်းဖေဟာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် (Mindat…

Read More

Loading

ကောင်းချစ်အောင် ဧပြီ ၁၊ ၂၀၂၃။ ဒလန်သတင်းပေးကြောင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုအသိမ်းခံရပြီးပေါက်ပြားဖြင့်ခုတ်သတ်ခံရသည့်နှစ်ဦးအပါအဝင် ရဲဘော်ငါးဦးကျဆုံးခဲ့ရသည်ဟု သိရသည်။ မတ်လ၃၀ရက်က ရေစကြိုမြို့ပေါ်မှ အင်အား ၄၀ ခန့်ဖြင့် ထွက်လာသည့် ခမရ ၂၅၆ စစ်ကြောင်းကို ညောင်စောင်းနှင့် သမန္တပို့ရွာကြားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် အထိအခိုက်အများအပြားဖြင့် ဆုတ်ခွာခဲ့ရသည်ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ နောက်နေ့…

Read More

Loading

သဇင် မတ် ၃၁၊ ၂၀၂၃။ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံရှိ မြန်မာ (MOU-နှစ်နိုင်ငံသဘောတူညီမှုစာချုပ်)  အလုပ်သမား ၁၀၆၀ဦးအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခဲ့သည်ဟု စက်ရုံရှိ အလုပ်သမားများထံမှ သိရသည်။ ယမန်နေ့ မတ်လ၃၀ရက် ညနေ၃နာရီခန့်တွင် မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသောအလုပ်သမားများအား အလုပ်ထုတ်လိုက်ပြီဟုဆိုကာ လုံခြုံရေးအင်အားအပြည့်ဖြင့် စက်ရုံအတွင်းမှ မောင်းထုတ်ခဲ့သည်ဟု…

Read More

Loading

ယမင်းဖူးပွင့်အောင် မတ် ၃၁၊ ၂၀၂၁။ “လဲကျနေတဲ့ ရဲဘော်တစ်ယောက်ကို ပြန်ဆွဲထူရင်း  လွတ်တဲ့နေရာရောက်မှ ခေါင်းကိုထပ်မှန်ပြီးလဲကျနေခဲ့တာ” ဗိုလ်ဆင်ရိုင်းရဲ့ နောက်ဆုံးမြင်ကွင်းကို ရှေ့တန်းမှာအတူရှိခဲ့တဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူး ကိုမင်းဒေဝါက ပြန်ပြောပြခဲ့တာပါ။ ဗိုလ်ဆင်ရိုင်းဟာ တော်လှန်ရေးအစောပိုင်းကာလကတည်းက မိသားစုကိုစွန့်ခွာလာခဲ့ပြီး မြောင်မြို့နယ်အတွင်းကတော်လှန်ရေးရဲဘော်တွေကို အခြေခံစစ်ပညာသင်တန်းပြန်လည်ပို့ချပေးခဲ့သူလည်းဖြစ်ပါတယ်။…

Read More

Loading

Saw Smith မတ် ၃၁ ၊ ၂၀၂၃ ။ လေယာဥ်ပစ်ပရောဂျက်မှ ရရှိသောအလှူငွေများကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးထက် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် ပို၍လျာထားအသုံးပြုနေသည်ဟု NUG၏ ထုတ်ပြန်ချက်အရသိရသည်။ လေယာဥ်ပစ် Project DragonFly ရရှိသောအလှူငွေ အမေရိကန်ဒေါ်လာ၂.၂သန်းနှင့် ပတ်သက်သောနောက်ဆက်တွဲအခြေအနေများကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG…

Read More

Loading

ကောင်းချစ်အောင် မတ် ၃၁၊ ၂၀၂၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချတိုက်ပွဲဝင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ပြီး နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(Federal Democracy Charter-FDC)ကို ၂၀၂၁ခုနှစ် မတ်လ၃၁ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၈ရက်မှ ၂၉ရက်အထိ…

Read More

Loading

Saw Smith မတ် ၃၁ ၊ ၂၀၂၃ ။ ရှမ်း-ကယားနယ်စပ်မြို့နယ်များတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းများမှထိခိုက်သေဆုံးမှုများနေပြီး ၂၀၀ ကျော်အထိသေဆုံးထားသည်ဟု ကာကွယ်ရေးပူးပေါင်းတပ်များထံမှ သိရသည်။ ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သောဖေဖော်ဝါရီလ ၂၄ရက်မှစ၍တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခဲ့ရာ တိုက်ပွဲတစ်လကျော်ကာလအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဦးကျော်သေဆုံး၍ ၁၀၀ ဦးထက်မနည်းဒဏ်ရာရရှိထားသည်ဟု မိုးဗြဲ PDF တပ်ရင်း(၂) က…

Read More

Loading

နန်းဆုပန်ခန့် မတ်  ၃၁၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆နယ်မြေအတွင်း၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်ပိတ်ထားခဲ့သည့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကို ယခုရက်ပိုင်းအတွင်း၌ ပြန်ဖွင့်ပေးထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကအစစ်အဆေးများနေသည်ဟု သိရသည်။ မြဝတီ-ရန်ကုန်ခရီးသည်ပို့ဆောင်ပေးသည့်ကားသမားတစ်ဦးကတော့ သင်္ကန်းညီနောင်ရဲစခန်းနှင့်ပဲခူးဂိတ်တွင်လူကိုကြည့်ပြီးစစ်ဆေးချင်သလိုစစ်ဆေး၍ လူကိုကြည့်ပြီးပိုက်ဆံတောင်းတာတွေရှိသည်ဟုဆိုသည်။ “လူကြီးနဲ့ကလေးတွေကိုတင်ရင်တော့ စကားသိပ်မပြောရဘူး၊၊ လူငယ်တွေကိုတင်ရင်တော့ သူတို့ကမင်္သကာရင်မသင်္ကာသလိုစစ်တယ်၊၊စိတ်ရှိရင်ရှိသလိုပိုက်ဆံတောင်းတယ်၊ အနည်းဆုံး ၃၀၀၀ကျပ်တို့၊ ၅၀၀၀ကျပ်တို့ပေးရတာပေါ့ ” ဟု ၎င်းကဆက်ပြောသည်။ မတ်လ…

Read More