• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဝေါလေဒေသရှိ စစ်ရှောင်များ အရေးပြားရောဂါ၊ ငှက်ဖျားနှင့် တုပ်ကွေးများဖြစ်ပွားနေ
  • အင်ဒိုနီးရှား နိုင်ငံသားတစ်ဦး ကို စစ်ကောင်စီ ဖမ်းဆီးထောင်ချ
  • နောင်ချိုမြို့နယ်အား လေကြောင်းမှ ဗုံး ၁၁ လုံး တိတိ ကြဲချ
  • ချင်းမိုင်တွင် ဖမ်းမိသော ကျားဖြန့်ဂိုဏ်း မြန်မာနှစ်ဦးပါဝင်
  • သောင်ရင်းမြစ်ဘေးရှိ ကျေးရွာဒေသခံများ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်
  • ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှ ဆိုင်းငံ့
  • မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်
  • စစ်မှုထမ်းတပ်သားများဖြင့် တနင်္သာရီတွင် စစ်‌ကောင်စီ အင်အားဖြည့်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»တန်ပြန်လေကြောင်းတိုက်ခိုက်ရေးထက် ကာကွယ်ရေးအတွက် NUG ပိုအသုံးပြုနေ
နေ့စဉ်သတင်း

တန်ပြန်လေကြောင်းတိုက်ခိုက်ရေးထက် ကာကွယ်ရေးအတွက် NUG ပိုအသုံးပြုနေ

thanlwinkhetBy thanlwinkhetMarch 31, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith

မတ် ၃၁ ၊ ၂၀၂၃ ။

လေယာဥ်ပစ်ပရောဂျက်မှ ရရှိသောအလှူငွေများကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးထက် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် ပို၍လျာထားအသုံးပြုနေသည်ဟု NUG၏ ထုတ်ပြန်ချက်အရသိရသည်။

လေယာဥ်ပစ် Project DragonFly ရရှိသောအလှူငွေ အမေရိကန်ဒေါ်လာ၂.၂သန်းနှင့် ပတ်သက်သောနောက်ဆက်တွဲအခြေအနေများကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များထံမှ တဆင့် Project DragonFly အတွက်အမေရိကန်ဒေါ်လာ (၂.၂) သန်းတိတိကို လက်ခံရရှိခဲ့သည်။

ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့်တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိသည်။

Project DragonFly မှ ရရှိခဲ့သော ရန်ပုံငွေများဖြင့် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေး အရသင့်လျော်သည့် အချိန်များတွင် ထုတ်ပြန်သွားမည်ဟု  အသိပေးထားသည်။

လုံခြုံရေးအရသင့်လျော်သည့်အချိန်များတွင်သာထုတ်ပြန်သွားမည်ဟု ဆိုထားသော်လည်း ယခုနှစ် ဖေဖော်ဝါရီ၃ရက်တွင် ရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

” ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့၊ နေ့လည် (၃:၄၅)နာရီခန့်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)နှင့်မဟာမိတ်တပ်ပေါင်းစုများမှ ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့သည် “ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် မည်သည့်ပရောဂျက်မှရရှိသောလက်နက်များဖြင့်ပစ်ခတ်သည်ဟု မပါရှိခဲ့သလို ထိုရဟတ်ယာဥ်ပစ်ခတ်မှုကို” မမများနဲ့ပွဲကမယ်“ပရောဂျက်မှရရှိသော လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းဖြစ်သည်ဟု ပရောဂျက် တာဝန်ရှိသူတစ်ဦးကပြောသည်။

” စစ်ကိုင်းတိုင်းပရောဂျက်မှာ ထောက်ပံ့ထားတဲ့တပ်ရင်းတွေကနေတိုက်တာပေါ့နော်။ ဆိုတော့ တိုက်တဲ့ပစ္စည်းက” မမ “တွေနဲ့ပစ်လိုက်တာပေါ့နော် “ဟု မမများနဲ့ပွဲကမယ် ပရောဂျက်တာဝန်ရှိသူက သံလွင်ခက်ကိုပြောဆိုထားသည်။

ထိုဖြစ်စဥ်တွင် လေယာဥ်ပစ်ချနိုင်သည့်မှတ်တမ်းအထောက်အထားများကို တာဝန်ရှိသူများဘက်မှနောက်ဆက်တွဲဖော်ပြနိုင်ခြင်းမရှိခဲ့သည့်အပြင် တော်လှန်ရေးအင်အားစုများအနေဖြင့် တန်ပြန်လေကြောင်းတိုက်ခိုက်မှုများကို ထိရောက်စွာမပြုလုပ်နိုင်သဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့၌ပိုမိုဆိုးရွားစွာခံနေကြရသည်။

လေကြောင်းရန်ကာကွယ်ရေးအတွက် ဒေါ်လာ၁.၄သန်းလျာထား၍လုပ်ဆောင်နေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ယခုနှစ်စပိုင်းမှစ၍ လေကြောင့်တိုက်ခိုက်မှုများကြောင့် ပြည်သူများထိခိုက်သေဆုံးမှု ဖြစ်စဥ်များပိုမိုဖြစ်ပွားနေသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင်လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးဗြဲစစ်ရှောင်များထိခိုက်သေဆုံးမှု ၊ ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းတိုက်ခိုက်ခံရမှုနှင့် ကချင်ပြည်နယ် ၊ဖားကန်မြို့နယ် အနန့်ပါတိုက်ခိုက်ခံရမှုစသည့် ပြည်သူများအစုလိုက်သေဆုံးမှု ဖြစ်စဥ်များဖြစ်ပွားခဲ့သည်။

ယခုနှစ်အတွင်း၌ စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ကသာမြို့နယ် မိုးတားတိုက်နယ်၌ အလှူအတွက် ချက်ပြုတ်နေသော ပြည်သူ ၇ဦး၊ ကရင်ပြည်နယ် ဖာပွန်ခရိုင်းအတွင်း၌ ရွှေတူးဖော်ရေးလုပ်ငန်းမှ ပြည်သူ ၆ဦး၊ စာသင်ကျောင်းနှင့်ဘုရားကျောင်းများတိုက်ခိုက်ခံရမှု၌ ကလေးငယ်နှင့်ဓမ္မဆရာများအပါအဝင်ပြည်သူ ၅ ဦး၊ ကရင်နီပြည်ဘောလခဲမြို့နယ်၌ သစ်လုပ်ငန်းလုပ်နေသောပြည်သူ ၃ဦးတို့ အသက်ဆုံးရှုံးခဲ့သည်။

ထို့ပြင် ယခုနှစ်စပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်ခံမှု အကြိမ် ၁၅၀ ကျော်အထိပြုလုပ်ခံနေရသည့် ချင်းပြည်နယ်တွင် CNF ဌာနချုပ်တိုက်ခိုက်ခံရမှု၌ CNAရဲဘော်၅ဦးနှင့် ယမန်နေ့၌ ထန်တလန်မြို့နယ် ခွာဖိုရွာလေကြောင်းတိုက်ခိုက်ခံရမှု၌ ကလေးငယ်များအပါအဝင် ပြည်သူ၈ဦးအသက်ဆုံးရှုံးခဲ့ရသည်။

ပုံစာ–ယမန်နေ့မတ်လ ၃၀ရက်တွင် ထန်တလန်မြို့နယ် ခွာဖိုရွာလေကြောင်းတိုက်ခိုက်ခံရမှုမှ ပျက်စီးမှုများနှင့်ထိခိုက်သေဆုံးမှုများ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှစ်နှစ်ပြည့် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့
Next Article ဗိုလ်ဆင်ရိုင်း(သို့မဟုတ်) အသက်ပေး၍ ချစ်ခဲ့သူ
thanlwinkhet
  • Website

Related Posts

ကုန်ပစ္စည်း‌ဈေး အဆမတန်မြင့်တက်မှုကြောင့် ကော့ကရိတ်ဒေသခံများ စားဝတ်နေရေးအခက်တွေ့

June 24, 2025

ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ

June 20, 2025

ငလျင်ကြောင့် စီးပွားရေးကျဆင်းမှု ပိုဆိုးရွားလာလို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်

June 12, 2025

Leave A Reply Cancel Reply

Recent Posts

  • ဝေါလေဒေသရှိ စစ်ရှောင်များ အရေးပြားရောဂါ၊ ငှက်ဖျားနှင့် တုပ်ကွေးများဖြစ်ပွားနေ
  • အင်ဒိုနီးရှား နိုင်ငံသားတစ်ဦး ကို စစ်ကောင်စီ ဖမ်းဆီးထောင်ချ
  • နောင်ချိုမြို့နယ်အား လေကြောင်းမှ ဗုံး ၁၁ လုံး တိတိ ကြဲချ
  • ချင်းမိုင်တွင် ဖမ်းမိသော ကျားဖြန့်ဂိုဏ်း မြန်မာနှစ်ဦးပါဝင်
  • သောင်ရင်းမြစ်ဘေးရှိ ကျေးရွာဒေသခံများ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဝေါလေဒေသရှိ စစ်ရှောင်များ အရေးပြားရောဂါ၊ ငှက်ဖျားနှင့် တုပ်ကွေးများဖြစ်ပွားနေ

အင်ဒိုနီးရှား နိုင်ငံသားတစ်ဦး ကို စစ်ကောင်စီ ဖမ်းဆီးထောင်ချ

နောင်ချိုမြို့နယ်အား လေကြောင်းမှ ဗုံး ၁၁ လုံး တိတိ ကြဲချ

ချင်းမိုင်တွင် ဖမ်းမိသော ကျားဖြန့်ဂိုဏ်း မြန်မာနှစ်ဦးပါဝင်

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဝေါလေဒေသရှိ စစ်ရှောင်များ အရေးပြားရောဂါ၊ ငှက်ဖျားနှင့် တုပ်ကွေးများဖြစ်ပွားနေ

July 2, 2025

အင်ဒိုနီးရှား နိုင်ငံသားတစ်ဦး ကို စစ်ကောင်စီ ဖမ်းဆီးထောင်ချ

July 2, 2025

နောင်ချိုမြို့နယ်အား လေကြောင်းမှ ဗုံး ၁၁ လုံး တိတိ ကြဲချ

July 2, 2025

ချင်းမိုင်တွင် ဖမ်းမိသော ကျားဖြန့်ဂိုဏ်း မြန်မာနှစ်ဦးပါဝင်

July 1, 2025

သောင်ရင်းမြစ်ဘေးရှိ ကျေးရွာဒေသခံများ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်

July 1, 2025

ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှ ဆိုင်းငံ့

July 1, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.