• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
  • ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်
  • အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို
  • တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ
  • မင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»မြဝတီ-ကော့ကရိတ်ကားလမ်းပြန်ဖွင့်၊ အစစ်အဆေးများနေ
နေ့စဉ်သတင်း

မြဝတီ-ကော့ကရိတ်ကားလမ်းပြန်ဖွင့်၊ အစစ်အဆေးများနေ

thanlwinkhetBy thanlwinkhetMarch 31, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းဆုပန်ခန့်

မတ်  ၃၁၊ ၂၀၂၃။

ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆နယ်မြေအတွင်း၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်ပိတ်ထားခဲ့သည့် မြဝတီ–ကော့ကရိတ်အာရှလမ်းမကို ယခုရက်ပိုင်းအတွင်း၌ ပြန်ဖွင့်ပေးထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကအစစ်အဆေးများနေသည်ဟု သိရသည်။

မြဝတီ–ရန်ကုန်ခရီးသည်ပို့ဆောင်ပေးသည့်ကားသမားတစ်ဦးကတော့ သင်္ကန်းညီနောင်ရဲစခန်းနှင့်ပဲခူးဂိတ်တွင်လူကိုကြည့်ပြီးစစ်ဆေးချင်သလိုစစ်ဆေး၍ လူကိုကြည့်ပြီးပိုက်ဆံတောင်းတာတွေရှိသည်ဟုဆိုသည်။

“လူကြီးနဲ့ကလေးတွေကိုတင်ရင်တော့ စကားသိပ်မပြောရဘူး၊၊ လူငယ်တွေကိုတင်ရင်တော့ သူတို့ကမင်္သကာရင်မသင်္ကာသလိုစစ်တယ်၊၊စိတ်ရှိရင်ရှိသလိုပိုက်ဆံတောင်းတယ်၊ အနည်းဆုံး ၃၀၀၀ကျပ်တို့၊ ၅၀၀၀ကျပ်တို့ပေးရတာပေါ့ ” ဟု ၎င်းကဆက်ပြောသည်။

မတ်လ ၂၅ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်၊ ကျုံဒိုးနှင့်ကော့ကရိတ်စသည့် အာရှလမ်းမတစ်လျောက်နေရာအနှံ့ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် မြဝတီမဲဆောက်လမ်းကိုတနေကုန်နီးပါးပိတ်ဆို့မှုရှိခဲ့သလို မေတ္တာလင်းမြိုင်မှသင်္ကန်းညီနောင်အထိလမ်းများပိတ်ဆို့ခဲ့သည်။

ထို့နောက်ရက်ပိုင်းအတွင်း လမ်းအချို့ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း လမ်းသွားလမ်းလာကားများကိုစစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု မြဝတီမြို့ဒေသခံများထံမှသိရသည်။

မြဝတီကုန်သွယ်ရေးဇုန်နှင့်ရဲစခန်းတိုက်ခိုက်ခံရသည့်နောက်တွင် မြဝတီမြို့ထဲအသွားအလာနည်းပါးပြီး သွားလာမှုအတွက်စိုးရိမ်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးထံမှသိရသည်။

၎င်းက” အဲ့ဒီကုန်သွယ်ရေးဇုန်မီးရှို့ခံရတဲ့နောက်မှာ မြဝတီမြို့ထဲတောင်ဝေးဝေးသွားလို့မရဲတော့ဘူး။ တိုက်ပွဲထပ်ဖြစ်ရင်တစ်ခုခုဖြစ်မှာကြောက်လို့အသွားအလာသတိထားရတယ်” ဟုပြောသည်။

မြဝတီမြို့အနီးတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် မြို့ပေါ်ရှိဒေသခံများမှာ နောက်တစ်ကြိမ်ထပ်ဖြစ်မည်ကိုစိုးရိမ်နေကြသလို ရန်ကုန်မှ မြဝတီကိုလာရန်စီစဥ်ထားသူများကလည်း ခရီးစဥ်ကို သင်္ကြန်ပြီးအထိနောက်ဆုတ်ထားကြသည်။

” တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တော့ မလာရဲသေးဘူး။ အစက လကုန်ပြီး လာဖို့စီစဥ်ထားတာ။ ကလေးတွေလည်းပါတော့ လမ်းကြောင်းစိတ်ချရမှပဲသွားတော့မယ်။ သင်္ကြန်အပြီးလောက်မှ ဖြစ်မယ်ထင်တယ်“ဟု ရန်ကုန်မြို့မှခရီးသည်တစ်ဦးကပြောသည်။

စစ်ရေးမှာတင်းမာနေဆဲဖြစ်သောကြောင့် ဒေသခံများအနေဖြင့် ဗုံးခိုကျင်းများတူးထားရန်၊ လုံခြုံသည့်နေရာများသို့ရွေ့ပြောင်းနေထိုင်ရန်အတွက် မတ်၂၅ရက်နေ့တိုက်ပွဲတွင်ပါဝင်သည့်ပူးပေါင်းအဖွဲ့တစ်ဖွဲ့က  သတိပေးစကားအား ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့်ပြည်သူကိုပြည်သူလိုဆက်ဆံပြီး ရန်သူကိုရန်သူလိုဆက်ဆံသွားမှာပါဟု ၎င်းကဆက်ပြောသည်။

မြဝတီ–ကော့ကရိတ်အာရှလမ်းမသည် ပြီးခဲ့သော ၂၀၂၂ခုနှစ် မတ်လမှစ၍ ယခုအချိန်ထိ ကားလမ်းမကြီးပိတ်ဆို့မှု၆ ကြိမ်ထက်မနည်းရှိပြီး လမ်းမကြီးပိတ်ဆို့မှုကြောင့်ကုန်သွယ်စီးဆင်းမှုနှင့် ဒေသခံများသွားလာရေးအခက်အခဲများဖြစ်ပွားခဲ့သည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေကြောင်းပစ်ကူပစ်၍ ကချင်ပြည်နယ်ထဲက ရွာများကို စစ်ကြောင်းထိုးဝင်ရောက်
Next Article ရှမ်း-ကယားနယ်စပ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ် ၂၀၀ ကျော်သေဆုံး
thanlwinkhet
  • Website

Related Posts

စစ်ကော်မရှင်က စက်သုံးဆီ တန်းစီဝယ်ယူမှုအား App ဖြင့် စတင်ထိန်းချုပ်

March 12, 2026

အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော

March 2, 2026

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ကြေးနီတင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

February 25, 2026

Leave A Reply Cancel Reply

Recent Posts

  • (no title)
  • နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
  • ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

March 26, 2026

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

March 26, 2026

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

March 26, 2026

တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

March 26, 2026

ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

March 26, 2026

အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို

March 26, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.