ကောင်းချစ်အောင် မေ ၂၄၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လှတောရွာအနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများမှတစ်ဆင့် သိရသည်။ စစ်ကောင်စီတပ်များသည် စစ်ကိုင်းမြို့နယ် ဆားတောင်မြို့မှတစ်ဆင့် လှတောရွာသို့ ယမန်နေ့နံနက်ပိုင်းက ကားနှစ်စီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာသည့် အမျိုးသားနှစ်ဦး စီးနင်းလိုက်ပါလာသော ဆိုင်ကယ်တစ်စီးကို ဖမ်းဆီးခဲ့သည်။…