KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်နှင့် BGF-နယ်ခြားစောင့်တပ်များမှ နယ်မြေကျူးကျော်ဝင်ရောက်၍ လူ့အခွင့်အရေးပေါင်းစုံချိုးဖောက်နေသည့်အတွက် နေ့စဉ်နှင့်အမျှ ထိတွေ့ရင်ဆိုင်တိုက်ပွဲများဖြစ်ပေါ်လျှက်ရှိသည်ဟု ကေအဲန်ယူ မူတြော်သတင်းကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌ မူတြော်ခရိုင်တွင် နယ်မြေခံKNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများမှစစ်သည်တော်များနှင့် စစ်ကောင်စီတပ်၊ BGFတပ်များတို့ ထိတွေ့တိုက်ပွဲပေါင်း(၁၁၆)ကြိမ်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်နှင့် BGFတပ်ဘက်တို့မှ (၆၉)ဦးသေဆုံး၍ (၅၁)ဦးဒဏ်ရာအနာတရရရှိခဲ့သည်။…