• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၃၆၀ ကျော်အား လွှဲပြောင်းပေးရန် အသင့်ဖြစ်နေ
  • ၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်
  • ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်
  • ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ
  • ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့
  • ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး
  • သံတွဲ နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲ၍ စစ်ဘေးရှောင်များ ထိခိုက်‌သေဆုံး
  • လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဒီးမော့ဆို ၄ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀နီးပါးသေဆုံး၍ လက်နက်မျိုးစုံ ၂၀ ခန့်သိမ်းဆည်းရမိ
တိုက်ပွဲသတင်း

ဒီးမော့ဆို ၄ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀နီးပါးသေဆုံး၍ လက်နက်မျိုးစုံ ၂၀ ခန့်သိမ်းဆည်းရမိ

thanlwinkhetBy thanlwinkhetApril 21, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith

ဧပြီ ၂၁ ၊ ၂၀၂၃ ။

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ခြမ်းတွင် ယခုလတတိယအပတ်တွင်း၌ ပြန်လည်ဖြစ်ပွားနေသည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က အထိနာပြီး လက်နက်၊ ခဲယမ်းများစွာ သိမ်းဆည်းရမိထားသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KnMIC တာဝန်ခံခူးညေးရယ်က သံလွင်ခက်ကိုပြောသည်။

ပြီးခဲ့သောမတ်လတွင် အင်အား၃၀၀ ဝန်းကျင် ဖြင့်ဒီးမော့ဆိုအရှေ့ခြမ်း ဒေါတမကြီးကျေးရွာအုပ်စု ကျေးရွာများသို့ စစ်ကြောင်းထိုး၍ တပ်စွဲထားသောစစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်နေရာ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှုများနေသည်။

မတ်လ၇ရက်မှစ၍ စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ရာ ၉၀ကျော်သေဆုံးခဲ့သည့်အပြင် ယခုဧပြီလ တတိယအပတ်၌ ပြန်စနေသည့်တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်က ၄၀ ဝန်းကျင်ခန့်သေဆုံးထားသည်ဟုခူးညေးရယ်ကပြောသည်။

” အရှေ့က ၃ရက်တိုက်ပွဲမှာ ၃၀ ကျတယ်။ မနေ့ကတိုက်ပွဲမှာ ၈ ယောက်ကျပြီး တစ်ယောက်ဖမ်းမိတော့ ၄၀လောက်ရှိပြီပေါ့ ။ လက်နက်က ၆၀ မမတစ်လက်နဲ့ MA1 ၊ MA2 ၊ RPG 7 တို့၊ ငါးကြင်းမှီးတို့ လက်နက်မျိုးစုံ ၁၉လက်ရတယ်။ ကျန်တာ့တော့ ကျည်တို့၊ ဗုံးသီးတို့၊ လပ်တော့တစ်လုံး၊ ဖုန်းငါးလုံး၊ မိုင်းရှာစက်တို့ မိုင်းတို့ ဆက်စပ်ပစ္စည်းတွေရတယ် “ဟု KnMIC ခူးညေးရယ်က ယမန်နေ့တွင် သံလွင်ခက်ကိုပြောသည်။

ဒီးမော့ဆိုအရှေ့ခြမ်းတွင် ယခုလအတွင်း၌ သင်္ကြန်ပြီးခါနီးဧပြီ ၁၆ရက်မှစ၍ ၁၉ရက်နေ့အထိ စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ရာမှ ၄ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဧပြီ ၁၉ရက်တွင် ကရင်နီပြည်ဒေါညေးခူကျေးရွာနှင့်ဘောလခဲသို့သွားရာလမ်းအပိုင်းတွင် စစ်ကောင်စီတပ် ခလရ(၈၀)နှင့် ကရင်နီတပ်မတော် KA ၊ KNDF တပ်ရင်း ၂၁ ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ(၈)ဦးသေဆုံးခဲ့ပြီးတစ်ဦးကိုအရှင်ဖမ်းမိခဲ့သည်။

” ရှေ့၃ရက်ဆက်တိုက်ပွဲမှာ ထိခိုက်များတော့ သူတို့လူနာလာကြိုတာလား ရိက္ခာပို့တာလား အဲ့ကားလာတဲ့အချိန်ကားမိုင်းနင်းတာ ကားမှောက်သွားတယ်။ ပြီးတော့တိုက်ပွဲဆက်ဖြစ်တာ “ဟု KnMICတာဝန်ခံကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့် အစောပိုင်းနေ့၃ရက်ဆက်လာရောက်တိုက်ခိုက်ခဲ့သည်။

ဒီးမော့ဆိုအရှေ့ခြမ်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း စကခ ၂ ( စစ်ကောင်စီ၏အမှတ်၂စစ်ဆက်ရေးကွပ်ကဲမှုဌာနချုပ်)လက်အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၅ ၊ ၅၁၆ တပ်ရင်းများက မတ်လ ၇ရက်တွင် အင်အား၇၀ ၊ မတ်လ၉ရက်တွင် အင်အား ၂၀၀ တို့ဖြင့်စစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် ယခုဧပြီလ ပထမအပတ်တွင်း၌  တပ်မ၆၆ လက်အောက်ခံခလရ ၈၀ တပ်ရင်းမှ အင်အား ၇၀ ခန့်ရှိစစ်ကြောင်းတစ်ခုထပ်မံရောက်ရှိလာသည်ဟု ကရင်နီပူးပေါင်းတပ်များထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်ရင်းများကို ကရင်နီတပ်မတော် KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊KNDF ETD ၊ လွိုင်ကော် PDF နှင့်အခြားကရင်နီတပ်များကပူးပေါင်းတိုက်ခိုက်နေသည်။

ပုံစာ – ယခုဧပြီလ တတိယအပတ်တွင်း ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီသုံ့ပန်း။

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3690

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြိုင်မြို့နယ် ကျေးလက်ဆေးခန်းကို မီးရှို့ဖျက်ဆီးပြီး ဆရာဝန်နှစ်ဦးနှင့် ဒေသခံ ၁၄ဦးကိုစစ်တပ် ဖမ်းဆီး
Next Article ဖမ်းဆီးခံ သပိတ်အဖွဲ့ဝင်များ၏ နေအိမ်များ ဖျက်ဆီးခံရ
thanlwinkhet
  • Website

Related Posts

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

June 9, 2025

အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးလာ၍ ပူးပေါင်းတပ်နှင့် ထိတွေ့ တိုက်ပွဲဖြစ်

June 8, 2025

ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်

June 7, 2025

Leave A Reply Cancel Reply

Recent Posts

  • အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၃၆၀ ကျော်အား လွှဲပြောင်းပေးရန် အသင့်ဖြစ်နေ
  • ၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်
  • ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်
  • ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ
  • ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၃၆၀ ကျော်အား လွှဲပြောင်းပေးရန် အသင့်ဖြစ်နေ

၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၃၆၀ ကျော်အား လွှဲပြောင်းပေးရန် အသင့်ဖြစ်နေ

June 10, 2025

၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်

June 9, 2025

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

June 9, 2025

ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ

June 9, 2025

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့

June 9, 2025

ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး

June 9, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.