• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ
  • ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို
  • ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မြဝတီမြို့အနီး ယခုလအတွင်းတိုက်ပွဲ၌ စစ်ကောင်စီနှင့်BGF ၇၀နီးပါးသေဆုံး
တိုက်ပွဲသတင်း

မြဝတီမြို့အနီး ယခုလအတွင်းတိုက်ပွဲ၌ စစ်ကောင်စီနှင့်BGF ၇၀နီးပါးသေဆုံး

thanlwinkhetBy thanlwinkhetApril 20, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith

ဧပြီ ၂၀ ၊ ၂၀၂၃ ။

ထိုင်း–မြန်မာနယ်စပ် မြဝတီမြို့အနီးတိုက်ပွဲများ၌ အထိနာနေသောစစ်ကောင်စီတပ်များသည် ယမန်နေ့ညပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ ရှေ့တန်းရဲဘော်တစ်ဦးကသံလွင်ခက်ကိုပြောသည်။

မြဝတီမြို့အနီး မဲကနယ်ကျေးရွာဘက်ရှိ ကျောက်မိုင်းများဒေသ၌ KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊BGFတပ်တို့ ယမန်နေ့နှင့်ဧပြီ ၁၈ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုနှစ်ရက်ဆက်တိုက်ပွဲတွင်း၌စစ်ကောင်စီတပ်ဘက်မှ ၂၄ ဦးသေဆုံး၍ ၂၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ထို့ပြင်လက်နက်မျိုးစုံ ၆လက်၊ခဲယမ်းနှင့်စစ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။ ပူးပေါင်းစစ်ကြောင်းဘက်မှရဲဘော်နှစ်ဦးကျဆုံး၍ ရဲဘော်၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

” ကျဆုံးတာက  Venomစစ်ကြောင်းက ရဲဘော်တစ်ဦးနဲ့ အခြားစစ်ကြောင်းက ရဲဘော်တစ်ဦး။ ကော်ဘရာကအထိခိုက်တော့ရှိတယ် “ဟု ကော်ဘရာစစ်ကြောင်းရဲဘော်တစ်ဦးကသံလွင်ခက်ကိုပြောသည်။

မြဝတီမြို့အနီး ကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သောမတ်လ ၂၅ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းစစ်ကြောင်းများက မြဝတီမြို့အနီးနေရာများကိုဖြန့်ကျက်နေရာယူ၍ စစ်ကောင်စီတပ်နှင့်BGF စခန်းများကိုတိုက်ခိုက်နေရာ ယခုလအတွင်း၌ ပြင်းထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ပါဝင်သော တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီ၊BGFတပ်တို့သည် ယခုလ ၁ရက်မှ ၁၃ရက်အထိ နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်နှင်BGFတို့မှ ၄၅ ဦးသေဆုံး၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟုပူးပေါင်းစစ်ကြောင်းများက သတင်းထုတ်ပြန်ထားသည်။ ပူးပေါင်းစစ်ကြောင်းအဖွဲ့မှ ရဲဘော် ၇ဦးကျဆုံးခဲ့သည်။

မြဝတီမြို့အနီးတွင် သင်္ကြန်ကာလအတွင်း၌ တိုက်ပွဲအနည်းငယ်ပြန်ငြိမ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူယူ၍  မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းနေရာများဘက်သို့စစ်ကြောင်းထိုးလာသောကြောင့်ဧပြီ၁၈ ရက်မှစ၍တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

” လက်နက်ကြီးက အတွဲလိုက်ဟာတွေနဲ့ကို ပစ်တာ။ နေ့တိုင်းလိုလိုကြားနေရတာ။ ညကလည်း  ၁၀ နာရီကျော်အထိပစ်သံတွေကြားရတယ်” ဟု မြဝတီမြို့တွင်း၌နေထိုင်သူ အသက်၃၀အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ပူးပေါင်းတပ်များရှိရာအတွင်းမဲကနယ်ကျေးရွာဘက်သို့စစ်ကောင်စီ၏ ခလရ၂၇၅၊ ခမရ ၃၅၅၊ ခလရ၁၀၂၊ မ(၂)၊ခလရ(၂၀၇)၊ BGF(၁၀၁၉) တပ်ရင်းတို့က လက်နက်ကြီးများကို နေ့ရောညပါပစ်ခတ်၍ စစ်ကြောင်းထိုးနေသည့်အပြင် ထိတွေ့တိုက်ပွဲအတွင်း၌လည်း လေကြောင်းမှ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီဘက်က တစ်ရက်တည်း ၂၀ ဦးထိသေဆုံးသော ယမန်နေ့တိုက်ပွဲတွင်  စစ်ကောင်စီတပ်ကအထိနာသဖြင့် နံနက်ပိုင်းကတည်းက  လေကြောင်းမှ ၅ ကြိမ်ထက်မနည်းလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပုံစာ–ပြီးခဲ့သောနှစ်ရက်တာ မြဝတီမြို့အနီးတိုက်ပွဲ၌ သိမ်းဆည်းရမိသော လက်နက်၊ ခဲယမ်းများနှင့် ပူးပေါင်းစစ်ကြောင်း။

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3660

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကြောင်းကြောင့် ခင်ဦးဒေသခံနှစ်သောင်းကျော် နေ့တွင်းချင်းထွက်ပြေးရ၊ PDF ၅ဦးကျဆုံး
Next Article KNU တပ်မဟာ ၅ထံ စစ်ကောင်စီတပ်သား ၄ဦး လက်နက်ချအလင်းဝင်
thanlwinkhet
  • Website

Related Posts

မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်

June 13, 2025

အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

June 13, 2025

ရှမ်းကရင်နီနယ်စပ်တွင် စစ်ရေးတင်းမာ

June 12, 2025

Leave A Reply Cancel Reply

Recent Posts

  • ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ
  • ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို
  • ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို

June 20, 2025

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ

June 19, 2025

ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို

June 19, 2025

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို

June 19, 2025

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.