• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • တနင်္သာရီဖက်ဒရယ်ယူနစ် နှင့် IEC တို့အကြား ဘုံရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်မည်
  • ၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်း ၁၆ ကျောင်း ပျက်စီးဆုံးရှုံး
  • DKBA ဆေးရုံအဟောင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
  • မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး
  • ရေလက်ကြားကို ပြန်မဖွင့်ရင် ငရဲရောက်သွားမည်ဟု ထရမ့်ခြိမ်းခြောက်
  • မယ်စဲ့ရောက် ဖယ်ခုံစစ်ရှောင်များ အိမ်ထောင်စု ၃ စုလျှင် ဓားမတစ်လက်ဖြင့် တောင်ယာမျှခုတ်နေရ
  • သက်ငယ်မုဒိမ်းကျင့်ကာ အလောင်းဖျောက်ခဲ့သူ အမျိုးသားအား NUG သေဒဏ်ချမှတ်
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေတိုက်ပွဲများကြောင့် ထိုင်းစစ်တပ်အကြီးအကဲ နယ်စပ်လုံခြုံရေးစစ်ဆေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မြဝတီမြို့အနီး ယခုလအတွင်းတိုက်ပွဲ၌ စစ်ကောင်စီနှင့်BGF ၇၀နီးပါးသေဆုံး
တိုက်ပွဲသတင်း

မြဝတီမြို့အနီး ယခုလအတွင်းတိုက်ပွဲ၌ စစ်ကောင်စီနှင့်BGF ၇၀နီးပါးသေဆုံး

thanlwinkhetBy thanlwinkhetApril 20, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith

ဧပြီ ၂၀ ၊ ၂၀၂၃ ။

ထိုင်း–မြန်မာနယ်စပ် မြဝတီမြို့အနီးတိုက်ပွဲများ၌ အထိနာနေသောစစ်ကောင်စီတပ်များသည် ယမန်နေ့ညပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ ရှေ့တန်းရဲဘော်တစ်ဦးကသံလွင်ခက်ကိုပြောသည်။

မြဝတီမြို့အနီး မဲကနယ်ကျေးရွာဘက်ရှိ ကျောက်မိုင်းများဒေသ၌ KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊BGFတပ်တို့ ယမန်နေ့နှင့်ဧပြီ ၁၈ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုနှစ်ရက်ဆက်တိုက်ပွဲတွင်း၌စစ်ကောင်စီတပ်ဘက်မှ ၂၄ ဦးသေဆုံး၍ ၂၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ထို့ပြင်လက်နက်မျိုးစုံ ၆လက်၊ခဲယမ်းနှင့်စစ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။ ပူးပေါင်းစစ်ကြောင်းဘက်မှရဲဘော်နှစ်ဦးကျဆုံး၍ ရဲဘော်၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

” ကျဆုံးတာက  Venomစစ်ကြောင်းက ရဲဘော်တစ်ဦးနဲ့ အခြားစစ်ကြောင်းက ရဲဘော်တစ်ဦး။ ကော်ဘရာကအထိခိုက်တော့ရှိတယ် “ဟု ကော်ဘရာစစ်ကြောင်းရဲဘော်တစ်ဦးကသံလွင်ခက်ကိုပြောသည်။

မြဝတီမြို့အနီး ကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သောမတ်လ ၂၅ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းစစ်ကြောင်းများက မြဝတီမြို့အနီးနေရာများကိုဖြန့်ကျက်နေရာယူ၍ စစ်ကောင်စီတပ်နှင့်BGF စခန်းများကိုတိုက်ခိုက်နေရာ ယခုလအတွင်း၌ ပြင်းထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ပါဝင်သော တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီ၊BGFတပ်တို့သည် ယခုလ ၁ရက်မှ ၁၃ရက်အထိ နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်နှင်BGFတို့မှ ၄၅ ဦးသေဆုံး၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟုပူးပေါင်းစစ်ကြောင်းများက သတင်းထုတ်ပြန်ထားသည်။ ပူးပေါင်းစစ်ကြောင်းအဖွဲ့မှ ရဲဘော် ၇ဦးကျဆုံးခဲ့သည်။

မြဝတီမြို့အနီးတွင် သင်္ကြန်ကာလအတွင်း၌ တိုက်ပွဲအနည်းငယ်ပြန်ငြိမ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူယူ၍  မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းနေရာများဘက်သို့စစ်ကြောင်းထိုးလာသောကြောင့်ဧပြီ၁၈ ရက်မှစ၍တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

” လက်နက်ကြီးက အတွဲလိုက်ဟာတွေနဲ့ကို ပစ်တာ။ နေ့တိုင်းလိုလိုကြားနေရတာ။ ညကလည်း  ၁၀ နာရီကျော်အထိပစ်သံတွေကြားရတယ်” ဟု မြဝတီမြို့တွင်း၌နေထိုင်သူ အသက်၃၀အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ပူးပေါင်းတပ်များရှိရာအတွင်းမဲကနယ်ကျေးရွာဘက်သို့စစ်ကောင်စီ၏ ခလရ၂၇၅၊ ခမရ ၃၅၅၊ ခလရ၁၀၂၊ မ(၂)၊ခလရ(၂၀၇)၊ BGF(၁၀၁၉) တပ်ရင်းတို့က လက်နက်ကြီးများကို နေ့ရောညပါပစ်ခတ်၍ စစ်ကြောင်းထိုးနေသည့်အပြင် ထိတွေ့တိုက်ပွဲအတွင်း၌လည်း လေကြောင်းမှ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီဘက်က တစ်ရက်တည်း ၂၀ ဦးထိသေဆုံးသော ယမန်နေ့တိုက်ပွဲတွင်  စစ်ကောင်စီတပ်ကအထိနာသဖြင့် နံနက်ပိုင်းကတည်းက  လေကြောင်းမှ ၅ ကြိမ်ထက်မနည်းလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပုံစာ–ပြီးခဲ့သောနှစ်ရက်တာ မြဝတီမြို့အနီးတိုက်ပွဲ၌ သိမ်းဆည်းရမိသော လက်နက်၊ ခဲယမ်းများနှင့် ပူးပေါင်းစစ်ကြောင်း။

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3660

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကြောင်းကြောင့် ခင်ဦးဒေသခံနှစ်သောင်းကျော် နေ့တွင်းချင်းထွက်ပြေးရ၊ PDF ၅ဦးကျဆုံး
Next Article KNU တပ်မဟာ ၅ထံ စစ်ကောင်စီတပ်သား ၄ဦး လက်နက်ချအလင်းဝင်
thanlwinkhet
  • Website

Related Posts

စစ်အုပ်စုက ဝေါလေဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

April 6, 2026

ပေါက်တွင် ရိက္ခာပို့သည့် စစ်ကော်မရှင်ရဟတ်ယာဉ် ပစ်ခတ်ခံရ

April 4, 2026

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

March 26, 2026

Leave A Reply Cancel Reply

Recent Posts

  • တနင်္သာရီဖက်ဒရယ်ယူနစ် နှင့် IEC တို့အကြား ဘုံရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်မည်
  • ၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်း ၁၆ ကျောင်း ပျက်စီးဆုံးရှုံး
  • DKBA ဆေးရုံအဟောင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
  • မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး
  • ရေလက်ကြားကို ပြန်မဖွင့်ရင် ငရဲရောက်သွားမည်ဟု ထရမ့်ခြိမ်းခြောက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

တနင်္သာရီဖက်ဒရယ်ယူနစ် နှင့် IEC တို့အကြား ဘုံရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်မည်

၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်း ၁၆ ကျောင်း ပျက်စီးဆုံးရှုံး

DKBA ဆေးရုံအဟောင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

တနင်္သာရီဖက်ဒရယ်ယူနစ် နှင့် IEC တို့အကြား ဘုံရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်မည်

April 7, 2026

၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်း ၁၆ ကျောင်း ပျက်စီးဆုံးရှုံး

April 7, 2026

DKBA ဆေးရုံအဟောင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

April 7, 2026

မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

April 6, 2026

ရေလက်ကြားကို ပြန်မဖွင့်ရင် ငရဲရောက်သွားမည်ဟု ထရမ့်ခြိမ်းခြောက်

April 6, 2026

မယ်စဲ့ရောက် ဖယ်ခုံစစ်ရှောင်များ အိမ်ထောင်စု ၃ စုလျှင် ဓားမတစ်လက်ဖြင့် တောင်ယာမျှခုတ်နေရ

April 6, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.