ရွေးကောက်ပွဲကို ပြည်လုံးကျွတ်မကျင်းပနိုင်တော့ဟု စစ်ခေါင်းဆောင်ဝန်ခံ ******* သံလွင်ခက် မတ်လ ၂၆၊ ၂၀၂၄။ စစ်အုပ်ချုပ်ရေးဖြင့်အုပ်ချုပ်နေသောမြန်မာနိုင်ငံတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းသွားလျှင် ရွေးကောက်ပွဲကျင်းပရန် မြန်မာစစ်တပ်ကစီစဥ်ထားသော်လည်း ရွေးကောက်ပွဲကို ပြည်လုံးကျွတ်ကျင်းပနိုင်တော့မည်မဟုတ်ဟု စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုလိုက်သည်။ လက်ရှိအချိန်မှာတော့ မြန်မာစစ်အာဏာရှင်များသည် ဘက်ပေါင်းစုံထိုးစစ်များနှင့် ရင်ဆိုင်နေရသည်။ မြန်မာပြည်သူများကရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကိုဖြုတ်ချပြီး လွန်ခဲ့သော ၃ နှစ်ကျော်ကအာဏာသိမ်းယူခဲ့သည့်…