သံလွင်ခက် စက်တင်ဘာ ၁၅၊ ၂၀၂၄။ မြန်မာရိုးရာလက်ဝှေ့ကစားသမား ညီနောင်တွေဖြစ်ကြတဲ့ ထွန်းလွင်မိုးနဲ့ သန့်ဇင်တို့ဟာ ရေဘေးသင့်ပြည်သူတွေအတွက် သူတို့အမြတ်တနိုးသိမ်းဆည်းထားတဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်နဲ့ ONE လက်အိတ်တစ်စုံကို လေလံတင်ရောင်းချသွားမယ်လို့ အသိပေးလိုက်ပါတယ်။ အမြတ်တနိုး သိမ်းဆည်းထားတဲ့ ချန်ပီယံခါးပတ်နဲ့ လက်အိတ်ကို အခုလို လှူဒါန်းဖြစ်ရတာ စီနီယာကစားသမား ထွန်းထွန်းမင်းရဲ့ ရေဘေးအလှူကို လေးစားအားကျရလို့ဖြစ်တယ်လို့…