သံလွင်ခက်
စက်တင်ဘာ ၁၃၊ ၂၀၂၄။
ကရင်ပြည်နယ် KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီ၏အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု တောင်ပိုင်းတိုင်း၊ စစ်ဒေသအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၁ တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက လွတ်ရှမ်းစခန်းကို ထိုးစစ်ဆင်ခဲ့ပြီး စက်တင်ဘာ ၁၂ မနက်အာရုံဦးအချိန်တွင် စစ်ကောင်စီတပ်သားများမှ ဒဏ်ရာရရဲဘော်များခေါ်ဆောင်၍ စခန်းစွန့်ခွာသွားသည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။
တော်လှန်ရေး ပူးပေါင်းတပ်များက ပြီးခဲ့သည် သြဂုတ်လ ၂၄ က လွတ်ရှမ်းစခန်းကို ရိက္ခါ၊ လက်နက်ခဲ ယမ်းနှင့် စစ်ကူပို့ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- SOF