မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူရုပ်အလောင်းများအား သယ်ဆောင်သည့် ကယ်ဆယ်ရေးသမားတချို့ ခန္ဓာကိုယ်အနှံ့ အနီစက်ထွက်နေသည်ဟု ကယ်ဆယ်ရေးသမားများထံမှ သိရသည်။ ယခုလိုဖြစ်ရခြင်းသည် ကယ်ဆယ်ရေးသမားများက လုံခြုံရေးဝတ်စုံအပြည့်ဝတ်သော်လည်း အနီစက်များ မထွက်လာခင်အချိန်အထိ ဆေးရုံသုံးလက်အိတ်အဖြူဖြင့် အလောင်းကိုင်တွယ်ခြင်း၊ အလောင်းကိုင်ပြီးပြီးချင်း သန့်ရှင်းရေး သေချာမလုပ်နိုင်ခြင်း၊ ပိုးသတ်ဆေးမဖြန်းရခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြေပြင်လုံခြုံရေးသမားတစ်ဦးက ဆိုသည်။…