Browsing: နေ့စဉ်သတင်း

Loading

ယမင်းဖူးပွင့်အောင် မတ် ၃၁၊ ၂၀၂၁။ “လဲကျနေတဲ့ ရဲဘော်တစ်ယောက်ကို ပြန်ဆွဲထူရင်း  လွတ်တဲ့နေရာရောက်မှ ခေါင်းကိုထပ်မှန်ပြီးလဲကျနေခဲ့တာ” ဗိုလ်ဆင်ရိုင်းရဲ့ နောက်ဆုံးမြင်ကွင်းကို ရှေ့တန်းမှာအတူရှိခဲ့တဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူး ကိုမင်းဒေဝါက ပြန်ပြောပြခဲ့တာပါ။ ဗိုလ်ဆင်ရိုင်းဟာ တော်လှန်ရေးအစောပိုင်းကာလကတည်းက မိသားစုကိုစွန့်ခွာလာခဲ့ပြီး မြောင်မြို့နယ်အတွင်းကတော်လှန်ရေးရဲဘော်တွေကို အခြေခံစစ်ပညာသင်တန်းပြန်လည်ပို့ချပေးခဲ့သူလည်းဖြစ်ပါတယ်။…

Read More

Loading

Saw Smith မတ် ၃၁ ၊ ၂၀၂၃ ။ လေယာဥ်ပစ်ပရောဂျက်မှ ရရှိသောအလှူငွေများကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးထက် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် ပို၍လျာထားအသုံးပြုနေသည်ဟု NUG၏ ထုတ်ပြန်ချက်အရသိရသည်။ လေယာဥ်ပစ် Project DragonFly ရရှိသောအလှူငွေ အမေရိကန်ဒေါ်လာ၂.၂သန်းနှင့် ပတ်သက်သောနောက်ဆက်တွဲအခြေအနေများကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG…

Read More

Loading

ကောင်းချစ်အောင် မတ် ၃၁၊ ၂၀၂၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချတိုက်ပွဲဝင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ပြီး နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(Federal Democracy Charter-FDC)ကို ၂၀၂၁ခုနှစ် မတ်လ၃၁ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၈ရက်မှ ၂၉ရက်အထိ…

Read More

Loading

နန်းဆုပန်ခန့် မတ်  ၃၁၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆နယ်မြေအတွင်း၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်ပိတ်ထားခဲ့သည့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကို ယခုရက်ပိုင်းအတွင်း၌ ပြန်ဖွင့်ပေးထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကအစစ်အဆေးများနေသည်ဟု သိရသည်။ မြဝတီ-ရန်ကုန်ခရီးသည်ပို့ဆောင်ပေးသည့်ကားသမားတစ်ဦးကတော့ သင်္ကန်းညီနောင်ရဲစခန်းနှင့်ပဲခူးဂိတ်တွင်လူကိုကြည့်ပြီးစစ်ဆေးချင်သလိုစစ်ဆေး၍ လူကိုကြည့်ပြီးပိုက်ဆံတောင်းတာတွေရှိသည်ဟုဆိုသည်။ “လူကြီးနဲ့ကလေးတွေကိုတင်ရင်တော့ စကားသိပ်မပြောရဘူး၊၊ လူငယ်တွေကိုတင်ရင်တော့ သူတို့ကမင်္သကာရင်မသင်္ကာသလိုစစ်တယ်၊၊စိတ်ရှိရင်ရှိသလိုပိုက်ဆံတောင်းတယ်၊ အနည်းဆုံး ၃၀၀၀ကျပ်တို့၊ ၅၀၀၀ကျပ်တို့ပေးရတာပေါ့ ” ဟု ၎င်းကဆက်ပြောသည်။ မတ်လ…

Read More

Loading

သဇင် မတ် ၃၀၊ ၂၀၂၃။ မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းရှိ သရက်ကန်ရွာပျူစခန်းမှ စစ်တပ်နှင့်ပျူအင်အား (၃၀)ခန့်သည်  နှမ်းဆီကန်ရွာထဲသို့ ဝင်ရောက်ပစ်ခတ်မှုများဆောင်ရွက်ခဲ့ပြီး   ဒေသခံ ၂၀ ခန့်ကို  ဖမ်းဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။ ယနေ့မနက် ၈နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက နှမ်းဆီကန်ရွာထဲသို့စစ်ကြောင်း(၃)ကြောင်းခွဲကာ ဝင်ရောက်ပစ်ခတ်မှုများရှိခဲ့ရာ (၅)နှစ်အရွယ် ကလေးတစ်ဦး…

Read More

Loading

Saw Smith  မတ် ၃၀ ၊ ၂၀၂၃ ။ စမ်းသပ်အောင်မြင်ထားသည့်ဒရုန်းဗုံးသီးများကို တပ်ရင်းများအတွက်အလုံအလောက်အသုံးပြုနိုင်ရန် တစ်လကိုအလုံး ၁၀၀ ထိ သက်မှတ်ချက်ထား၍ ထုတ်လုပ်နေသည်ဟု ဒီးမော့ဆို PDF၏ ဒရုန်းတပ်ဖွဲ့ဒုတပ်မှူး Amelia ကသံလွင်ခက်ကိုပြောသည်။ တပ်ရင်း ၄ခုဖြင့်ဖွဲ့စည်းထားသည့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်တွင် တပ်ရင်းအမှတ်၄တပ်ရင်းကလက်နက်ကြီးနှင့်ဒရုန်းထုတ်လုပ်မှုပိုင်းကိုအဓိကတာဝန်ယူ၍ ထုတ်လုပ်နေသည်။ အဆိုပါတပ်ရင်းမှ ၄၀…

Read More

Loading

Saw Smith မတ် ၃၀ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၌ ယနေ့မတ်လ ၃၀ရက်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ၇ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ “ဂျက်ဖိုက်တာနှင့် ထန်တလန်မြို့နယ်၊ခွါဖိုကျေးရွာပေါ်သို့ ဗုံးကြဲ ချသောကြောင့် လက်ရှိပြည်သူ  ၇ဦးသေဆုံး၊အများအပြားဒဏ်ရာရ အိမ်များလည်း မီးလောက်ပျက်စီးနေ “ဟု ချင်းဒေသခံများနှင့်မီဒီယာတချို့က ယနေ့…

Read More

Loading

သဇင် မတ် ၃၀ ၊၂၀၂၃။ စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်တွင်  အမျိုးသား ၂ ဦးထက်ပို ဆိုင်ကယ်စီးသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများရှိသည်ဟု ဒေသခံများထံမှသိရသည်။ မတ်လ ပထမပတ်မှ စတင်ကာ ည ၆ နာရီနောက်ပိုင်း အမျိုးသား၂ဦးထက် ပိုစီးသူများကို  ဖမ်းဆီးမှုများရှိလာသည်ဟု အသက် ၄၀ အရွယ် ဒေသခံတစ်ဦးကပြောသည် ။…

Read More

Loading

ကောင်းချစ်အောင် မတ် ၃၀၊ ၂၀၂၃။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုဖျက်သိမ်းရန် မြန်မာစစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့တွင်ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာပြည်သူလူထု၏ ဒီမိုကရေစီဝါဒအခြေခံသောဆန္ဒများကို လေးစားသည့် လေးနက်ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ စစ်အာဏာရှင်အနေဖြင့်…

Read More

Loading

ကောင်းချစ်အောင် မတ်၂၉၊ ၂၀၂၃။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားဝင်ဖွဲ့စည်းပြီးသား နိုင်ငံရေးပါတီများကိုဖျက်သိမ်းခွင့်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီက ယနေ့တွင်ထုတ်ပြန်ကြေညာလိုက်သည်။ တည်ဆဲဥပဒေများကိုချိုးဖောက်ထားသည့် စစ်ကောင်စီသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူလူထုအားကိုယ်စားပြုမှုလည်းမရှိသည့်အတွက် တရားဝင်ဖွဲ့စည်းထားပြီးသော နိုင်ငံရေးပါတီများကို စစ်ကောင်စီ လက်ဝေခံရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် …

Read More