Browsing: နေ့စဉ်သတင်း

Loading

သံလွင်ခက် ဩဂုတ် ၁၇ ၊ ၂၀၂၃။ တိုက်ပွဲများဖြစ်ပွားနေသည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စားနပ်ရိက္ခာ သယ်ယူခွင့်ကန့်သတ်ထားသည်ဟု ဒေသခံများထံက သိရသည်။ နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတား ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီက ပဲနွယ်ကုန်းမြို့မှ ကျောက်ကြီးမြို့နယ်အတွင်းသို့ စားနပ်ရိက္ခာသယ်ယူခွင့် တင်းကျပ်ထားသည်ဟု ကျောက်ကြီးမြို့နယ်မှ အမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ၎င်းက…

Read More

Loading

သံလွင်ခက်  သြဂုတ် ၁၆ ၊ ၂၀၂၃ ။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိရပ်ကွက်တချို့တွင် မြေပြိုကာ နေအိမ်များ ပျက်စီးခဲ့ရသည်။ ပျက်စီးသွားသောနေအိမ်များ ပြန်လည်ပြင်ဆင်ရန်အတွက်လည်း အခက်အခဲများကြုံနေရသည် ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းမှစ၍ ယခုဩဂုတ်လအထိ ၁၀ ရက်ကျော်ကြာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပြိုကာ နေအိမ် ၁၀…

Read More

Loading

သံလွင်ခက် ဩဂုတ် ၁၅ ၊ ၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့က နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့မှဖမ်းဆီးသွားသည်ဆိုသော မန်ကန်ရွာခံ ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။ ဒေသခံအမျိုးသားတစ်ဦးက “ မိုင်းဆက်ရွာက တစ်ယောက်လည်းအဖမ်းခံရတယ်။ အဲဒီနေ့က တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သူတို့က ဆိုင်ကယ်စီးလာပြီး…

Read More

Loading

ကောင်းချစ်အောင် ဩဂုတ် ၁၂၊ ၂၀၂၃။ မုံရွာမြို့ပေါ်တွင် ဓားပြတိုက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ခဲ့သည့်သူများအား အမြင့်ဆုံးသေဒဏ်အထိချမှတ်ပေးရန် မြို့ပေါ်တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသည်။ မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို အမျိုးသား ၇ ဦးပါသည့်အဖွဲ့က ဓားပြဝင်တိုက်ပြီး  မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကျူးလွန်သူများသည် Monywa Force ဟုအမည်ရသည့်…

Read More

Loading

စစ်ကောင်စီတပ်ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်နေသည့် ဒီးမော့ဆိုမြို့နယ်တွင် မိုးများဆက်တိုက်ရွာသွန်းနေသည့်အတွက် ကရင်နီကာကွယ်ရေးရဲဘော်တချို့ နေမကောင်းဖျားနာမှုများဖြစ်ပွားနေသည်ဟု သိရသည်။ ဒီးမော့ဆိုတွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့်မှာဆယ်ရက်ခန့်ရှိနေပြီး ရဲဘော်များမှာ မိုးရေထဲ၌ပင်တိုက်ပွဲဝင်နေကြရသည်ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းA တွဲဖက်ရုံးတာဝန်ခံ အယ်မီးလျာနန်းက ပြောသည်။ ” တိုက်ပွဲကဆယ်ရက်လောက်ရှိနေပြီပေါ့နော် မိုးလည်းနေ့တိုင်းရွာတယ် ။ နေလည်မပူဘူး ။ ရဲဘော်တွေရဲ ယူနီဖောင်းဆိုမခြောက်နိုင်ဘူး ။ မိုးရွာထဲမှာပဲတိုက်နေရတယ် ။…

Read More

Loading

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရမ်းထလိုကျေးရွာကို စစ်ကောင်စီက ယနေ့နံနက် ၁၁ နာရီခန့်တွင် လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လေကြောင်းပစ်ခတ်ခံရသဖြင့် ဒေသခံပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူတို့၏ ဘုရားကျောင်း ပျက်စီးသွားသည်ဟု ချင်းအမျိုးအဖွဲ့ချုပ် CNO/ CNDF ၏ ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်ကို ပြောသည်။…

Read More

Loading

ကောင်းချစ်အောင် ဩဂုတ် ၁၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်၊ နေအိမ်တစ်လုံးတွင်  ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီးကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သည့်အမျိုးသားခုနစ်ဦးကို ဖမ်းမိထားသည်ဟုGUARDIAN FORCE အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။ ယနေ့နံနက်ပိုင်းတွင် ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်ပြောကြားသည့် ဗီဒီယိုဖိုင်တင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့်သူများက ဝန်ခံထားသည်ကိုလည်း တွေ့ရသည်။ ယမန်နေ့ ညနေ ၃…

Read More

Loading

နန်းဆုပန်ခန့် သြဂုတ် ၁၁ ၊ ၂၀၂၃ ။ မြဝတီမြို့အနီး လက်ခတ်တောင်ခြေတစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ လက်နက်ချအလင်းဝင်လာသည်ကို ယမန်နေ့၌ ကော်ဘရာစစ်ကြောင်းကဖော်ပြသည်။ စစ်ကောင်စီတပ်၏ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ ဒု-တပ်ကြပ် ဇော်မျိုးခိုင် ၃၆ နှစ် နှင့် တပ်သား အောင်မျိုးဇော်…

Read More

Loading

သံလွင်ခက် ဩဂုတ် ၉၊ ၂၀၂၃။ တိုက်ပွဲများပြင်းထန်နေသည့် ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်အတွင်းကို စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက် နေ့လယ်ပိုင်းအချိန်ကစပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ” နေ့လယ်ပိုင်းကစပြီး…

Read More

Loading

သံလွင်ခက် ဩဂုတ် ၉ ၊ ၂၀၂၃။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပအိုဝ်း‌ဒေသ ဆီဆိုင်မြို့ အနောက်ဘက်ခြမ်းရှိကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ်(PNO) က ဆန်နှင့်ငွေကောက်ခံနေသည်ဟု ဒေသခံများထံမှ သိရသည်။ ရှေ့တန်းတပ်သားများအတွက်ဟုဆိုကာ ပအိုဝ်း ပြည်သူ့စစ်(PNO)တပ်ဖွဲ့မှ ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကတည်းက စာပို့အကြောင်းကြားထားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းက “ဒီနေ့က…

Read More