ယမင်းဖူးပွင့်အောင်
ဩဂုတ် ၂၃၊ ၂၀၂၃။
Hip Hop အဆိုတော် ဗျူဟာ ဖမ်းဆီးခံရပြီး ၃ လခန့်အကြာ ယနေ့ နံနက်ပိုင်းတွင် အင်းစိန်ထောင်တွင်းတရားရုံးကထောင်ဒဏ် နှစ် ၂၀ ချ မှတ်ခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက ” ရုံးထုတ်တာကတော့ ပထမ တစ်ကြိမ်ထုတ်တယ်။ ဒုတိယ တစ် ကြိမ်မှာတော့ အင်းစိန်ထောင်တန်းခေါ်သွားတာပေါ့။ ဒီနေ့ကျမှ အင်းစိန် စစ်ခုံရုံးကနေ အမိန့်ချတာပေါ့။ ၅၀၅ (က) နဲ့ဆွဲထားတာကို အခုက ၁၂၄ ထပ်ထည့်ပြီး အမိန့်ချလိုက်တာပါ” ဟုပြောသည်။
အဆိုတော်ဗျူဟာသည် စစ်ကောင်စီလက်ထက်၌ ရန်ကုန်မြို့တွင် လျှပ် စစ်မီး ပုံမှန်မရရှိသည့်အခြေအနေကို၎င်း၏ လူမှူကွန်ယက်အကောင့်မှ တဆင့် မေလ ၂၃ ရက် ညပိုင်းက Live (တိုက်ရိုက်ရုပ်သံ) လွှင့်ပြောဆိုခဲ့ သည်။
ယင်းသို့ပြောဆိုပြီးနောက် စစ်ကောင်စီဝါဒဖြန့်ချယ်နယ်များတွင် အဆို တော်ဗျူဟာအားဖမ်းဆီးရန် လှုံ့ဆော်ရေးသားမှုများရှိလာခဲ့ပြီးတောက် မေလ ၂၅ ရက်တွင် မြောက်ဒဂုံမြို့နယ်ရှိနေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အဆိုတော်ဗျူဟာသည် လတ်တလောတွင် ကျန်းမာရေးကောင်းမွန်နေ သည်ဟု သိရသည်။
လေ့လာစောင့်ကြည့်မှတ်တမ်းယူနေသည့်အဖွဲ့တစ်ခု၏ ထုတ်ပြန်ချက် အရ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ၂၀၂၃ ခုနှစ် ဇွန်လအထိ ၈ လအတွင်း စစ်ကောင်စီတယ်လီဂရမ်ချန်နယ်များတွင် စစ်ကောင်စီဆန့်ကျင်သူများ ကိုဖမ်းဆီးရန် လှုံ့ဆော်သတင်းပေးဖော်ပြမှုများကြောင်း ဖမ်းဆီးခံရသူ ပေါင်း ၈၆၈ ဦး အထိရှိလာပါသည်။
ပုံစာ–ဖမ်းဆီးခံရပြီးနောက်တွေ့ရသည့် အဆိုတော်ဗျူဟာ။
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1835
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5368
Website ->https://eng.thanlwinkhet.net