သံလွင်ခက်။ စက်တင်ဘာ ၂ ၊ ၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၃ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်ထံ က သိရသည်။ KNU တပ်မဟာ ၃ ၊ ကျောက်ကြီးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ သစ်ချဆိပ်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…